Ch.3

4.7K 548 6
                                    

အခန်း ၃ ကျင့်ဝမ်

ကျိုးရွှင်းဟွာက ထန်ရှီးရှီး အချိန်အတော်ကြာ စကားမပြောသည်ကိုမြင်ပြီးနောက် အပြစ်ရှိသလိုခံစားရသည်။ တကယ်တော့ သူမက အသက်ဆယ့်ခုနစ်နှစ်အရွယ်သာရှိသေးပြီး သူမသည် ဧကရီမယ်တော်ကြီးယောင်၊ ဖုန်းမော့မော့နှင့် အခြားသူများလောက် မတည်ငြိမ်ချေ။

ထန်ရှီးရှီးက ဧကရီမယ်တော်ကြီးယောင်၏လက်အောက်တွင် လေ့ကျင့်နိုင်ခဲ့ပြီး နောက်မှ အပြစ်ကင်းစွာဖြင့် ထွက်လာကာ အပျိုတော်များ၏ ခေါင်းဆောင်အဖြစ် ဘွဲ့ကို ရရှိခဲ့သည်။ အဲ့ဒါက ထန်ရှီးရှီးက အကင်းပါးပြီး လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုလိုသည်။ ကျိုးရွှင်းဟွာ၏ သိမ်မွေ့သော အမူအရာ အပြောင်းအလဲများကို ကြည့်ရင်း ထန်ရှီးရှီးသည် သူမ၏ မှန်းဆချက်အပေါ် ပိုပိုပြီး သေချာလာသည်။ အမှန်ပင်၊ ဤနေရာတွင် လူတစ်ယောက်ရှိနေခဲ့သည်။ ထို့အပြင် ကျိုးရွှင်းဟွာလည်း သိနေသည်။ သူမက လူသတ်သမားအတွက် ဖုံးကွယ်ထားသည်။

စာအုပ် နဲ့ အချိန်ကို အခြေခံ၍ ကျိုးရွှင်းဟွာက အခြားလူများကို စီစဉ်ပေးပြီးသွားသင့်သည်ဟု ထန်ရှီးရှီးက ခန့်မှန်းခဲ့သည်။ နောက်မှ သူမအခန်းကို ပြန်လာခဲ့တယ်။ စကားပြောရတာများလို့ ရေငတ်နေတာကြောင့် လည်ချောင်းကို စိုစွတ်စေဖို့အတွက် လက်ဖက်ရည်တစ်ခွက်ကို အရမ်းသောက်ချင်နေခဲ့တာ ဖြစ်နိုင်သည်။ ထို့ကြောင့် လက်ဖက်ရည်သောက်ရန် ငှဲ့လိုက်ချိန်တွင် ရေ၏ရောင်ပြန်ဟပ်မှုကြောင့် အခန်းထဲက ထုတ်တန်းပေါ်မှ လူတစ်ယောက်ကို သူမတွေ့လိုက်သည်။

ကျိုးရွှင်းဟွာက ထန်ရှီးရှီးကို လှည့်မကြည့်ခင် ထန်ရှီးရှီး လာတာသိထဲက သူမ တံခါးကို မဝင်မီ ရေကို ချက်ချင်းသောက်လိုက်သည်။ ကျိုးရွှင်းဟွာက ဖုံးကွယ်ရန် ရည်ရွယ်သော်လည်း ထန်ရှီးရှီးက သူမကို ဖော်ထုတ်ရန် ဤနေရာတွင် ရှိနေခဲ့သည်။

တံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်သောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုက ခွက်ထဲရှိ လက်ဖက်ရည်ကို သောက်နေခြင်းပင်။ ဘာကြောင့် ချက်ချင်းသောက်လိုက်ရတာလဲ။ ပုံမှန်တုံ့ပြန်မှုက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်တာ ဖြစ်သင့်သည်။ သို့သော် ကျိုးရွှင်းဟွာက မခံချိမခံသာနေဖြစ်ပြီး သူမကိုယ်တိုင်လည်း လက်ဖက်ရည်သောက်ရင်း အခန်းပေါ်က ထုတ်တန်းပေါ်ရှိလူကို ထန်ရှီးရှီး မြင်သွားမှာကို စိုးရိမ်နေပုံရသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now