Ch-25

2.6K 297 11
                                    

အခန်း ၂၅ အရက်မူးခြင်း

ကျိုးရွှင်းဟွာသည် တစ်ကျိုက်သောက်ရုံဖြင့် အလွယ်တကူ မူးနိုင်‌သော်လည်း ပွဲထဲတွင် သူမ မငြင်းဆန်နိုင်ပေ။ နှစ်ခွက်သောက်ပြီးနောက် သူမ၏မျက်နှာက လျင်မြန်စွာ နီရဲလာကာ မျက်လုံးများ မှုန်ဝါးကာ မူးနေမှန်း သိသာနေသည်။ ကျိုးရွှင်းဟွာက ကြာကြာဆက်မထိန်းနိုင်တော့ဘဲ သူမ မနေနိုင်တော့မည်ကို စိုးရိမ်သောကြောင့် ပွဲမှ တိတ်တဆိတ်ထွက်ပြီး အပြင်သို့သွားခဲ့သည်။ သို့သော် ကျိုးရွှင်းဟွာက သူမ မည်မျှဆွဲဆောင်မှုရှိသည်ကို မသိခဲ့ပေ။ ကျောက်ဇီရှင်းက ကျိုးရွှင်းဟွာကို အခွင့်ကောင်းယူမဲ့သူတွေ သူမနောက်သို့ လိုက်သွားမည်ကို စိုးရိမ်နေသည်။

နောက်ပိုင်းတွင်၊ ကျိုးရွှင်းဟွာသည် အခြားအမျိုးသားတစ်ဦး၏ အနိုင်ကျင့်ခံရလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းစွာနဲ့ပဲ ကျောက်ဇီရှင်းက အချိန်မီရောက်လာပြီး သူ့ကို မောင်းထုတ်ခဲ့သည်။ ကျိုးရွှင်းဟွာက ရယ်မောနေခဲ့သည်။ ကျိုးရွှင်းဟွာက ကျောက်ဇီရှင်းကို မြင်သောအခါ နီမြန်းသောပါးနှင့် သူ့ကို ပွေ့ဖက်ကာ အမှန်တရားများစွာကို ရင်ဖွင့်ချင်နေသည်။

ထိုအချိန်တွင် မြက်ခင်းပြင်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး နှစ်ယောက်သား တောင်စောင်းပေါ်တွင် ထိုင်ကာ အချိန်အတော်ကြာ စကားပြောနေခဲ့ကြသည်။ နောက်ဆုံးတွင် ကျိုးရွှင်းဟွာက မြက်ခင်းပေါ်တွင် အိပ်ပျော်သွားသည်၊ ကျောက်ဇီရှင်းက လူတိုင်းရှေ့တွင် သူမကို ပွေ့ကာ တဲဆီသို့ ပြန်ခေါ်သွားခဲ့သည်။

ထန်ရှီးရှီးသည် သူမ၏စာအုပ်ကိုပိတ်လိုက်ပြီး ဝမ်းနည်းနေသောမျက်လုံးများကို လက်ဖြင့် အုပ်လိုက်သည်။ သူမရဲ့ မတူညီတဲ့ ဦးနှောက်ပတ်လမ်းတွေကြောင့် သူမက မကြာခဏဆိုသလို ဒီယောက်ျားနဲ့မိန်းမကြားလွဲချော်နေတာလား၊ သူမက ကြင်နာတတ်ရုံသာမက အရက်ကိုခံနိုင်ရည်လည်း ကောင်းလွန်းသောကြောင့် သူမသည် အမျိုးသမီးဇာတ်ဆောင်မဖြစ်နိုင်တော့ကြောင်း ထွက်ပေါ်လာခဲ့သည်။

ထန်ရှီးရှီးသည် သူမဖတ်ဖူးသည့်စာအုပ်များကို ပြန်အမှတ်ရနေပြီး အမျိုးသမီးဇာတ်ဆောင်များသည် ချမ်းသာသောမိသားစုမှ နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးများဖြစ်စေ တည်ကြည်သောတောင်သူမလေးများဖြစ်စေ သူမတို့သည် ခြွင်းချက်မရှိပဲ ဝိုင်သောက်ပြီးနောက် သူတို့အားလုံး အရက်မူးနေကြကြောင်း ထန်ရှီးရှီးက တွေ့ရှိခဲ့သည်။ သူမတို့ရဲ့ အသားအရေက နီမြန်းသွားပြီး နူးညံ့နေကြကာ သူမတို့သည် အမျိုးသားဇာတ်ဆောင်များနှင့် ဇာတ်လမ်းများ ရှိသွားကြသည်။ ထို့နောက် သူတို့က အနီးကပ် အဆက်အသွယ်ရနိုင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ထန်ရှီးရှီးကတော့ သန်မာသောမွန်ဂိုလီယန်လူမျိုးများကဲ့သို့ သောက်သုံးနိုင်ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now