Ch-96

2.8K 309 10
                                    

အခန်း ၉၆ ကိုယ့်ကိုယ်ကိုယ်အားကိုးပါ

နွေဦးအစောပိုင်းတွင်ပင် ထန်ရှီးရှီးက ရုတ်တရက် အေးစက်သော ချွေးများ ထွက်ကျလာသည်။ ထန်ရှီးရှီးက ကျောက်စိမ်းခါးချိတ်ကို ဘယ်သူလာထည့်တယ်ဆိုတာလည်း သိနေသည်။ ဖြစ်နိုင်တာကတော့ ဒီလူက ဧကရီမယ်တော်ကြီးယောင်နဲ့ သက်ဆိုင်နေနိုင်သည်။

ထန်ရှီးရှီး၏မျက်နှာပျက်နေသည်ကို မြင်လိုက်ရသောအခါ နို့ထိန်းအစေခံက သူမ မှားနေပြီဟုထင်ကာ တုန်လှုပ်သွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ " ဝမ်ဖေး ဘာဖြစ်လို့လဲ... ဒီကျောက်စိမ်းခါးချိတ်မှာ ပြဿနာရှိနေတာလား"

ထန်ရှီးရှီးက သူ့မလက်ဖဝါးနှစ်ဘက်ကို သူမဘာသာ ပွတ်ခါနေရင်း ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးနေကာ "ဘာမှမဟုတ်ပါဘူး... ငါက သတိလက်လွတ် ဖြစ်သွားတာပါ... ငါ ဒီ ခါးချိတ်ကို ငါ့ ကလေးပေါ်တင်လိုက်မိတယ်... ဒီနေ့ တစ်လပြည့်ပွဲမှာ အလုပ်ရှုပ်နေလို့ အဲဒါကို မေ့သွားတယ်"

ထိုသို့ပြောပြီးနောက် ထန်ရှီးရှီးက "ကလေးထိန်းရင်းနဲ့ တစ်ခုခုကို မေ့သွားဖို့က အလွယ်ဆုံးပါပဲ... အခြားအလှည့်အပြောင်းတွေ မဖန်တီးမိအောင် ဒီကိစ္စကို တခြားသူတွေကို ပြောပြနေစရာ မလိုဘူး... အဲဒါပြီးရင် သူ့ကို ဂရုတစိုက်ကြည့်ရမယ်.. ပြီးတော့ သူ့ကို ဘာမှ အလွန်အကျွန် ခွင့်ပြုလို့မရဘူး"

နို့ထိန်းအစေခံသည် သာမန်လူများကြားတွင် တွေ့ရသော မိခင်နို့ပေါများသော အမျိုးသမီးဖြစ်သည်။ အိမ်ထဲသို့ဝင်သွားပြီးနောက် သူမသည် ကြောက်ရွံ့တုန်လှုပ်နေသည်။ ထန်ရှီးရှီး ပြောတာကို အခု သူမကြားတော့ ပိုမတွေးဝံ့တော့ဘဲ ပြန်ဖြေဖို့ အရမ်းအလုပ်ရှုပ်နေခဲ့သည်။ ထန်ရှီးရှီးမှ နို့ထိန်းအစေခံအား ထုပ်ပိုးအသစ်တစ်ထည် ယူလာစေကာ ကလေး၏အဝတ်များကို ဖြည်ကာ အတွင်းအပြင်ကို စစ်ဆေးခိုင်းသည်။ ကံကောင်းထောက်မစွာ၊ ယခုတစ်ကြိမ်တွင် ကလေးပေါ်တွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းချိတ်မှလွဲ၍ အခြားအရာများကို ရှာမတွေ့ခဲ့ဘဲ၊ ကလေး၏ ခန္ဓာကိုယ်တွင် အနီစက်များ၊ ဒဏ်ရာများနှင့် အခြားခြေရာများ မတွေ့ခဲ့ရပေ။ ထန်ရှီးရှီး စိတ်သက်သာရာရသွားပြီး ကျောက်ဇီကောင်းကို အဝတ်သစ်လဲပေးဖို့ သူ့လက်ကို ကိုင်ထားစေရန် နို့ထိန်းအစေခံကို အကူအညီတောင်းခဲ့သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now