Ch-42

2.4K 290 2
                                    

အခန်း ၄၂ အကြံအစည်

အစကတည်းက ထန်ရှီးရှီးသည် ကျောက်ချန်ကျွင်း၏ စကားကို အလေးအနက် မထားခဲ့ပေ။ ငွေကို ချစ်မြတ်နိုးခြင်းသည် အနာဂတ်အလားအလာမရှိဟု သူမ မည်သို့ စဉ်းစားနိုင်ပါ့မလဲ။ ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်သော်လည်း ငွေကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

ကျောက်ချန်ကျွင်းသည် ထန်ရှီးရှီးနှင့် စကားပြောနေချိန်တွင် လုယိဖေးသည် နောက်တွင် ရပ်နေခဲ့သည်။ သူမသည် ထိုနေရာတွင် ရှိနေသော်လည်း သူမသည် မမြင်နိုင်သော လူတစ်ယောက်နှင့်တူနေသည်။ လုယိဖေးသည် ထန်ရှီးရှီး၏ လုပ်ရပ်ကို သဘောမတူပေ။ လူအများရှေ့တွင် ကခုန်ပြီး ကျင့်ဝမ်၏ဓားကို ဆွဲထုတ်ကာ သမားရိုးကျ မဟုတ်သောပုံစံဖြင့် ကျင့်ဝမ်ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း ထန်ရှီးရှီးသည် တောက်ပနေသော ကြယ်တစ်ပွင့်ကဲ့သို့ အလွန်အမင်း ပြိုးပြိုးပြက်ပြက် ဖြစ်နေကြောင်း သူမ ဝန်မခံပဲ မနေနိုင်ခဲ့ပေ။

သို့သော် သူမ၏ အကသည် မည်မျှပင် ကြည့်ကောင်းနေပါစေ ထန်ရှီးရှီး ကျူးလွန်ခဲ့သော ပြစ်မှုကို ဖုံးကွယ်ထား၍ မရပေ။ သူမသည် တော်ဝင်မိသားစုကို မရိုမသေပြုနေပြီး ကျင့်ဝမ်ကို တိုက်ခိုက်ရန် သတ္တိရှိနေသည်။ ထန်ရှီးရှီးသည် ထိုရှုထောင့်ကို တွေးသည်ဖြစ်စေ မတွေးသည်ဖြစ်စေ အကြိမ်ပေါင်းများစွာ သေဖို့ လုံလောက်သည်။

လုယိဖေးသည် သူမအား ပြင်းထန်စွာ အပြစ်ပေးသင့်သည်ဟု ခံစားမိသော်လည်း ကျင့်ဝမ်က သူမအား ပြစ်တင်ရှုတ်ချရန် လုံးဝမရည်ရွယ်ပါ။ လုယိဖေးသည် ကျောက်ဇီရှင်းကို လျှို့ဝှက်စွာ ကြည့်လိုက်ရာ ကြယ်များက သူ့မျက်လုံးထဲလင်းလက်နေသကဲ့သို့ပုံနှင့် အနည်းငယ် စိတ်ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲမှာ အံ့သြမှုတွေ၊ မထင်မှတ်ထားမှုတွေ၊ သဘောကျမှုတွေ ရှိခဲ့သလို အပြစ်တင်‌နေဟန်လည်း မရှိပါဘူး။

လုယိဖေးသည် ခေါင်းငုံ့ကာ စကားမပြောမိစေရန် နှုတ်ခမ်းကို တင်းတင်းပိတ်တားလိုက်သည်။

ထန်ရှီးရှီးက ဒူဟွမ် အကအဝတ်အစားများကို ၀တ်ဆင်ထားဆဲဖြစ်ပြီး လှုပ်ရှားမှုသည် ရပ်တန့်လုနီးပါးဖြစ်ကာ အနည်းငယ် တုန်ခါနေသည်။ ကျောက်ချန်ကျွင်းက စကားပြီးတဲ့အခါ သူမအဝတ်အစားတွေကို တစ်ချက်ကြည့်လိုက်ပြီး " ဆုပေးဖို့အတွက် ကျင်ကျားဝင်းကို တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်... မင်းအရင်ပြန်သွားပြီး အဝတ်အစားလဲရမယ်... နောက်တစ်ခါ မင်း အကသမားတစ်ယောက်လို ဟန်ဆောင်ဖို့ သတ္တိရှိနေသေးရင်... အဲ့တာက စကားလုံးသက်သက်နဲ့ ပြောလို့ပြီးမှာ မဟုတ်ဘူး "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now