Ch-89

2.5K 310 5
                                    

အခန်း ၈၉ နှစ်ကုန်

ကျောက်ချန်ကျွင်းက သန္ဓေသားလှုပ်ရှားမှုကို ရှာဖွေတွေ့ရှိပြီးနောက် အသစ်အဆန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။ သူက အိပ်ရာမဝင်ခင် ထန်ရှီးရှီးဗိုက်ကို နေ့တိုင်း လက်နဲ့ထိကြည့်လေ့ရှိသည်။

မူလက ထန်ရှီးရှီးက ကျောက်ချန်ကျွင်းက သူ့ကလေးအား စောစောစီးစီး ခံစားချက်များ ပြုစုပျိုးထောင်ရန် ကောင်းသောအရာဟု ထင်ခဲ့သဖြင့် သူမသည် သူ့ကို မတားပဲနေခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ အခြေအနေက ပိုပြင်းထန်လာပြီး တစ်နေ့ကို ဆယ်ကြိမ်ထက်မက မေးတဲ့ အထိ ဖြစ်လာသည်။

ထန်ရှီးရှီးတစ်ယောက် အရမ်းစိတ်ဆိုးနေတော့သည်။ ထိုညတွင် ထန်ရှီးရှီးက သူမ၏ ညအိပ်အဝတ်ကိုပြောင်းလဲပြီး ဆံပင်ကို ဖြည်ကာ အိပ်ရာဝင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ သူမ ထွက်လာသောအခါတွင် ကျောက်ချန်ကျွင်းက အိပ်ခန်းထဲတွင်ရှိနေပြီဖြစ်ပြီး ခေါင်းငုံ့ကာ စာရေးရင်း ပုံဆွဲနေသည်ကို တွေ့လိုက်ရသည်။ သူမဆီမှ အသံကိုကြားပြီးနောက် သူက ခေါင်းမမော့ဘဲ "သူ လှုပ်နေတာလား"

ထန်ရှီးရှီးက တိတ်တဆိတ် အသက်ရှူသွင်းလိုက်ပြီး သည်းမခံနိုင်တော့ဘဲ "မလှုပ်ဘူး... အရမ်းစိတ်ရှုပ်တာပဲ မေးတာကို မရပ်နိုင်ဘူးလား"

ကျောက်ချန်ကျွင်းက ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် စိတ်ဆိုးခြင်းမရှိပေ။ သူရေးနေတဲ့ စုတ်တံကို ချလိုက်ပြီး စာရွက်ပေါ်က အရာတွေကို ကြည့်ကာ "မဖြစ်သင့်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မှတ်တမ်းတွေအရ သူက ဒီအချိန်မှာ လှုပ်သင့်တယ်"

ထန်ရှီးရှီးက ထူးထူးခြားခြား တစ်စုံတစ်ရာကို ကြားလိုက်ရသလိုပင် မျက်ခုံးပင့်လိုက်သည်။ ထန်ရှီးရှီးက ကျောက်ချန်ကျွင်း အနီးသို့သွားကာ စူးစူး စိုက်စိုက်ကြည့်လိုက်ပြီး "ဘာတွေရေးနေတာလဲ"

"သန္ဓေသားလှုပ်ရှားမှုအချိန်" ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို သေသေချာချာ ညွှန်ပြပြီး "ဒါက သန္ဓေသား လှုပ်ရှားမှုရဲ့ အချိန်ပါ... ဒါက သူ့ရဲ့ လှုပ်ရှားမှု အဆင့်ပဲ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now