Ch-54

2.4K 313 18
                                    

အခန်း ၅၄ အရွှေ့

ကျောက်ချန်ကျွင်းက အံ့အားသင့်သွားပြီး အကြောင်းပြချက်မရှိဘဲ ဒေါသဖြစ်ခဲ့သည်။ ထန်ရှီးရှီး၏ ငြင်းဆန်မှုကို သူ စိတ်ဆိုးခြင်း မရှိသော်လည်း သူမ၏စကားကြောင့် ဖြစ်သည်။

ယောက်ျားနဲ့ မိန်းမ အချင်းချင်း ထိဖို့ မသင့်တော်ဘူး။

ဤမင်းဆက်သည် တင်းကြပ်သော ကျင့်ဝတ်ရှိသည်။ အမျိုးသားနှင့် အမျိုးသမီးသည် အသက်ခြောက်နှစ်မှ ထိုင်ခုံ ခွဲထိုင်ရသည်။ မိန်းကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ သူ့အဖေနဲ့ အစ်ကိုကလွဲလို့ တခြားယောက်ျားတွေကို မတွေ့နိုင်တော့ဘူး။ တခါတရံမှာ သွေးဝေးတဲ့ အစ်ကိုမောင်ဝမ်းကွဲတွေကိုတောင် ရှောင်ရသည်။ ဤစကားတိုလေးများသည် ကျင့်ဝတ်၌ မကျော်လွှားနိုင်သော ကွာဟချက်တစ်ခုဖြစ်သည်။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီးအတွက် သူက အပြင်လူတစ်ဦးဖြစ်သည်ကို သိလိုက်ရသည်။

ထန်ရှီးရှီးက သူ့ကို စာကြောင်းတစ်ကြောင်းနဲ့ ဖြတ်ချလိုက်သည်။ ကျောက်ချန်ကျွင်းက သူမတို့သည် ကျင့်ဝမ်အိမ်တော်အတွက် ဧကရီမယ်တော်ကြီးယောင်မှ ပေးအပ်သော အလှများဖြစ်ကြောင်း ငြင်းဆိုချင်လာသည်။ ထန်ရှီးရှီး မပြောနဲ့ အနောက်မြောက်က မြေတစ်ခုလုံးတောင် သူ့အပိုင်ပဲ၊ သို့သော် ထန်ရှီးရှီး ပြောတာမှန်ကြောင်း ကျောက်ချန်ကျွင်းလည်း သိသည်။ သူမသည် အိမ်ထောင်မရှိသူဖြစ်ပြီး အပြစ်ကင်းနေသေးသည်။ ကမ္ဘာပေါ်ရှိ အခြားယောက်ျားများသည် သူမအတွက် အပြင်လူများဖြစ်သည်။ သူတို့သည် သူမ၏မျက်နှာကို တိုက်ရိုက်မကြည့်ခွင့်မရှိဘဲ သူမ၏ခန္ဓာကိုယ်ကိုလည်း ထိခွင့်မရှိပေ။

သူမ အဖေ၊ အကိုမောင်တွေနဲ့ သူမအနာဂတ် ခင်ပွန်း ကလွဲလို့ ပေါ့။

ကျောက်ချန်ကျွင်းက ထန်ရှီးရှီးကို ခဏကြာမျှ မလှုပ်မယှက် စိုက်ကြည့်ကာ သူမ၏ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး သူမကို ထခွင့်ပြုလိုက်သည်။ ထန်ရှီးရှီးက သူမ၏လက်များကိုလွတ်လိုက်ပြီး မြေပြင်မှအမြန်ထလိုက်သည်။ ခဏကြာအောင် လဲကျသွားပြီးနောက် ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့ပြီး ထိုမှသာ သူမ၏ ကျောနှင့် တင်ပါးတို့တွင် နာကျင်ကိုက်ခဲမှုကို ခံစားရလေသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now