Ch-30

2.7K 317 4
                                    

အခန်း ၃၀ အတိတ်

ကျောက်ချန်ကျွင်းက အချိန်အတော်ကြာအောင် စကားမပြန်ဘူး။ ထန်ရှီးရှီးက ကျောက်ချန်ကျွင်းက စကားမပြောချင်ဘူးလို့ဘဲ ထင်နေခဲ့သည်။ ခဏအကြာတွင် ကျောက်ချန်ကျွင်း၏ ခန္ဓာကိုယ်အပူချိန်သည် အဆက်မပြတ်ကျဆင်းနေသည်ကို သူမ တွေ့ရှိခဲ့သည်။ ထန်ရှီးရှီးက အေးစက်နေပြီဖြစ်သော ကျောက်ချန်ကျွင်း၏လက်ကို အမြန်ထိလိုက်သည်။

ထန်ရှီးရှီးက ထိတ်လန့်တုန်လှုပ်သွားပြီး " ဝမ်ရယ်... အဆင်ပြေရဲ့လား"

နောက်ဆုံးတော့ ကျောက်ချန်ကျွင်းက မထိန်းနိုင်တော့ဘဲ သူ့ဘေးက သစ်ပင်ပေါ်ကို လှဲချလိုက်ပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။ ထန်ရှီးရှီးလည်း အရမ်းကြောက်သွားသည်။ သူမက ကျောက်ချန်ကျွင်းအမြန် ထိုင်နိုင်ရန် ကူညီပေးခဲ့သည်။ ကျောက်ချန်ကျွင်းက အကြာကြီး စကားမပြောနိူင်ပေ။ ထန်ရှီးရှီးက ကျောက်ချန်ကျွင်း၏ မျက်နှာကို ရဲဝံ့စွာတို့ထိကြည့်လိုက်ရာ ရလဒ်မှာ ရေခဲတမျှဖြစ်နေသည်။

သူက သွေးများ အလွန်အကျွံ ဆုံးရှုံးထားပြီး နှုတ်ခမ်းများ ဖြူဖျော့လာကာ ခြေလက်များ အေးစက်ကာ သွေးခုန်နှုန်းက အလွန်မြန်လာသည်။ ထန်ရှီးရှီးက သူ ဒီလို ဘယ်လို အသက်ရှင် လာတယ်ဆိုတာ မသိတော့ဘူး။ ခုနက ဘာညည်းသံမှ မကြားရဘူး။ ထို့ကြောင့် ထန်ရှီးရှီးသည် သူအဆင်ပြေသည်ဟု ထင်ခဲ့သည်။

ရလဒ်အနေနဲ့က အရမ်းပြင်းထန်တယ်လို့ ထွက်လာသည်။

ထန်ရှီးရှီးက အလျင်စလို လှည့်ပတ်ကြည့်လိုက်ပြီး "သွေးတိတ်နိုင်တဲ့ အပင်က ဘယ်မှာလဲ... ဝမ်ရယ် စောင့်နေနော်... အခုချက်ချင်း ပြန်လာမယ် ။ "

"မလိုပါဘူး" ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ လှုပ်ရှားမှုကို ရပ်တန့်စေလိုက်ပြီး အသက်ကို ပြင်းပြင်းရှုရင်း ဖြည်းညှင်းစွာ ပြောလိုက်သည် "မင်း အချည်းနှီးလုပ်စရာ မလိုပါဘူး... ငါပြောတာကို နားထောင်ပါ... ငါ သူတို့ကို အချက်ပြထားပြီးပြီ ... မကြာခင် တစ်ယောက်ယောက် ရောက်လာလိမ့်မယ်.... လာတဲ့သူက ကျန်းကျို ဒါမှမဟုတ် စာဖတ်ခန်းထဲမှာ မင်း မြင်ဖူးတဲ့ မျက်နှာရှိရင် သူတို့နောက်ကို လိုက်သွားလို့ရတယ်... မျက်နှာဖုံးများကို ချွတ်ဖို့ ငြင်းဆိုရင် ဒါမှမဟုတ် သူတို့ရဲ့ အထောက်အထားတွေကို ပြောပြဖို့ ငြင်းဆိုရင် သူတို့က သူလျှိုဖြစ်လိမ့်မယ်... မင်း ငါ့အတွက် စိတ်ပူမနေဘဲ မင်းဘာသာမင်း ပြေးရမယ်... သစ်တောတွေက နက်တယ်... တောအုပ်ထဲကို သူတို့ လိုက်မရှာရဲဘူး.... အရုဏ်မတက်မချင်း မင်းပုန်းနေနိုင်သရွေ့ ကယ်တင်ခံရနိုင်တယ် "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now