Ch-76

3K 343 16
                                    

အခန်း ၇၆ ဆွေးနွေးပွဲ

နောက်ဆုံးတော့ ထိုစကားက ဧကရီမယ်တော်ကြီးယောင်ရဲ့ စိတ်ဝင်စားမှု့ကို မြှင့်တက်သွားစေသည်။ သူမက ငှက်လှောင်အိမ်မှ လက်ကို လွှတ်လိုက်ပြီး ဘေးနှစ်ဖက်လုံးရှိ နန်းတော်မှ အစေခံများက ဧကရီမယ်တော်ကြီးယောင်၏ လက်သည်းများကို သုတ်ရန် ချက်ခြင်း ရောက်လာကြသည်။ ဧကရီမယ်တော်ကြီးယောင်က နောက်ပြန်လှည့်မကြည့်ဘဲ မျက်ခွံတွေကို မြှောက်လိုက်ပြီး "သူက ဇနီးနဲ့ မထိမ်းမြားချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား... ကျင့်ဝမ်ကို သူ့စိတ်ပြောင်းသွားအောင် ဆွဲဆောင်မှုရှိတဲ့မိန်းမက ဘယ်သူလဲ"

ဖုန်းမော့မော့၏မျက်နှာအမူအရာနှင့် အသုံးအနှုံးသည် အနည်းငယ်ပို၍ အဓိပ္ပာယ်ရှိလာသည်။ သူမ အနားကို နဲနဲတိုးလာပြီး "ဧကရီမယ်တော်ကြီးက ဒီလူကို သိပါတယ်... ထန်ရှီးရှီးပါ "

ဧကရီမယ်တော်ကြီးယောင်က မျက်ခုံးပင့်လိုက်ပြီး "ထန်ရှီးရှီး ?"

"အဲ့ဒါက မယ်မယ် မနှစ်က ရွေးချယ်ပြီး ကျင့်ဝမ်ဆီကို သူလျှိုအနေနဲ့ ပို့လိုက်တဲ့ အမျိုးသမီးပါပဲ "

"ငါ သူ(မ)ကို မှတ်မိပါတယ်" ဧကရီမယ်တော်ကြီးယောင်က သူမ၏လက်ကို မြှောက်လိုက်ပြီး ဖုန်းမော့မော့သည် ချက်ချင်းပင် ရှေ့သို့ ထွက်လာကာ ဧကရီမယ်တော်ကြီးယောင်၏လက်ကိုဆုပ်ကိုင်ကာ ဧကရီမယ်တော်ကြီးကို ဂရုတစိုက် ထိုင်ရန် ကူပေးလိုက်သည်။ ထိုင်ပြီးနောက် ဧကရီမယ်တော်ကြီးယောင်က သူမ၏ လက်သည်းများကို ကြည့်ကာ "တစ်နိုင်ငံလုံးက ရွေးချယ်ထားတဲ့ လှပတဲ့ အမျိုးသမီး အများအပြား ရှိပြီး သူတို့ထဲမှာ သူ(မ)က အထူးချွန်ဆုံး တစ်ဦးတည်းသောသူဖြစ်တယ်... တူညီသောအဝတ်အစားကို ဝတ်ထားတာတောင် သ(မ)က သိသာထင်ရှားနေတာ... လူစုလူဝေးထဲမှာ ရပ်နေတဲ့ သူ(မ)က အရမ်းတောက်ပနေခဲ့တာ... ဒီလိုနဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ မိန်းမပျို တော်တော်များများက သူမရဲ့ နောက်လိုက် ဖြစ်သွားတာ... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အလှတရားများစွာကို ငါမြင်ဖူးခဲ့ပေမယ့် လူနှစ်ယောက်သာ ငါ့ကို ဆွဲဆောင်နိုင်ခဲ့တယ်... တစ်ယောက်က သူ(မ)... နောက်တစ်ယောက်က တော်ဝင်ကြင်ယာတော် ကုန်းလီပဲ "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now