Ch-16

2.9K 321 4
                                    

အခန်း ၁၆ ကိုယ်လုပ်တော်ရွေးချယ်ခြင်း

အဋ္ဌမလတွင် ကောင်းကင်က ကြည်လင်နေပြီး လေကလည်း လတ်ဆတ်နေကာ သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြေနေသည်။ နံနက်စောစောကတည်းကပင် ကျင့်ဝမ်စံအိမ်က စိတ်လှုပ်ရှားမှုများနှင့် ပြည့်လျှက်ရှိနေသည်။

ထိုအချိန်မှစ၍ ကျင့်ဝမ်စံအိမ်၏ ဘေးဘက်တံခါးသည် ဘယ်သောအခါမှ တိတ်ဆိတ်ခြင်းမရှိခဲ့ပေ။ ရထားလှည်းများသည် ဒုတိယဂိတ်သို့ အသီးသီး မောင်းနှင်လာကြသည်။ ဝတ်ကောင်းစားလှ ၀တ်စားထားသော သခင်မလေးများသည် ရထားပေါ်မှ ဆင်းလာကာ သူတို့ သိကြသည့် အခြားသော သခင်မများ၊ သခင်မလေးများနှင့် တွေ့သောအခါ အားလုံးက ပြုံးပြီး နွေးထွေးစွာ နှုတ်ဆက်နေကြသည်။

နုပျိုလှပသော အမျိုးသမီးလေးများက သွားလေးတွေ မပေါ်အောင်ပြုံးနေရင်း ခြေထောက်တွေမပေါ်အောင် ညင်ညင်သာသာလမ်းလျောက်နေကြကာ ရှေ့မှလျှောက်နေသော သူတို့၏မိခင်များ နောက်သို့လိုက်သွား ကြသည်။ တစ်ချက်ကြည့်ရုံနဲ့ ပန်းပွင့်တွေလို လှပသော မိန်းခလေးများဖြစ်သည်။

တကယ်ကို အရောင်စုံပြီး လှပနေသည်။ ဒီနေ့ လာလည်တဲ့သူတိုင်းက သခင်မပဲဖြစ်ဖြစ်၊ မိန်းမပျိုပဲဖြစ်ဖြစ် ဒီနေ့ဟာ ထူးခြားတဲ့နေ့ဆိုတာ သိကြသည်။ ကျင့်ဝမ် တည်ခင်းသော ဧည့်ခံသည့်ပွဲအား ပန်းလေးမြတ်သောပွဲဟု ခေါ်တွင်သော်လည်း အမှန်မှာ ရှီဇီဖေးကို ရွေးရန် ဖြစ်သည်။

ကျင့်ဝမ်နှင့် ခမည်းခမက်ဖြစ်ရခြင်းမှာ လူတိုင်းမျှော်လင့်ထားသည့်အရာ ဖြစ်ခြင်းကြောင့် ရှီးဖျင်ရှိ အိမ်တော်ကြီးအားလုံး စိတ်လှုပ်ရှားနေကြသည်။ မိသားစုတိုင်းရဲ့ သခင်မတွေက သူတို့သမီးလေးတွေကို ဆံပင်ကအစ ၀တ်စားဆင်ယင်မှုအဆုံး သပ်ရပ်လှပအောင် ထူးခြားဆွဲဆောင်မှုရှိအောင် ပိုအားစိုက်ထုတ်ထားကြပြီး အမျိုးသမီးတွေကြားထဲမှာ ကွဲပြားခြားနားနေစေဖို့ ဆုံးဖြတ်ခဲ့ကြသည်။

အမျိုးသမီး အများအပြား ရောက်ရှိလာကြပြီး၊ ပန်းခြံသည် ဆူညံသံများ၊ စိတ်လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး အလှတရားများဖြင့် ပြည့်နှက်နေသည်။ ထန်ရှီးရှီး နှင့် ဧကရီမယ်တော်ကြီးမှ ပေးပို့သော မျက်နှာစာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော အခြားသူများလည်း တက်ရောက်ကြမည်ဖြစ်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now