Ch-92

2.6K 311 7
                                    

အခန်း ၉၂ နှစ်သစ်ကို ကြိုဆို

ဧည့်ခန်းမထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ လုယိဖေး၊ ကျိုးရွှင်းဟွာ နှင့် ကျန်သော မောင်းမမိဿံများက မဖြေနိုင်ကြပေ။

ကျောက်ချန်ကျွင်းက အပြင်မှပြန်လာသောအခါ ဧည့်ခန်းမသည် အလွန်တိတ်ဆိတ်နေသည် ကိုတွေ့လိုက်ရပြီး "ဘာကိစ္စရှိလို့လဲ? ဘာလို့ တစ်ယောက်မှ စကားမပြောတာလဲ"

ကျောက်ချန်ကျွင်း ပြန်လာပြီးနောက် လုယိဖေးနှင့် ကျန်လူများသည် လျင်မြန်စွာထ၍ လေးလေးစားစား အရိုအသေပေကာ " ဝမ်ရယ် . "

ထန်ရှီးရှီးက ကျောက်ချန်ကျွင်းဝင်လာတာကို သိတော့ သူမက ဖြည်းညှင်းစွာ ထရပ်လိုက်သည် " ဝမ်ရယ် _ "

သူမရဲ့လှုပ်ရှားမှုကိုမြင်တော့ ကျောက်ချန်ကျွင်းက လူတိုင်းကို ဖြတ်လျှောက်သွားပြီး ထန်ရှီးရှီးရဲ့ လက်ကိုကိုင်ကာ "မလှုပ်နဲ့... ကိုယ် အကြိမ်ကြိမ်ပြောပြီးပြီ... မင်း အပေါ်ယံ ကျင့်ဝတ်တွေကို အာရုံစိုက်နေစရာ မလိုဘူး... ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်ဖို့က ပိုအရေးကြီးတယ် "

ထန်ရှီးရှီးက အမှန်တကယ်ပင် အရိုအသေမပြုဘဲ ကျောက်ချန်ကျွင်း၏ ခွန်အားကို အသုံးပြု၍ ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ကျောက်ဇီရှင်းသည် ကျောက်ချန်ကျွင်း ၏နောက်မှလိုက်လာကာ ထန်ရှီးရှီးထိုင်ရန် စောင့်နေသည်။ ထို့နောက် လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်ပြီး " ဝမ်ဖေး . "

ထန်ရှီးရှီးက ခေါင်းညိတ်ပြီး " ရှီဇီ . "

ကျောက်ဇီရှင်းက ထန်ရှီးရှီးကို နှုတ်ဆက်ပြီးနောက် လုယိဖေးနှင့် မောင်းမမိဿံများက အရိုအသေပေးပြီး " ရှီဇီ . "

ကျောက်ဇီရှင်းက ဘာသိဘာသာနဲ့ ခေါင်းညိတ်လိုက်သည်။ ကျိုးရွှင်းဟွာ၏အသံကို သူ သဘာဝအတိုင်း ကြားနေရသည်။ လုယိဖေးက ထိုအရာကိုမြင်လိုက်ရသောအခါတွင် သူမ၏မျက်လုံးများ အနည်းငယ်မှိန်သွားကာ ရန်ယွိကျင်သည် ဘုန်းကြီးတစ်ပါးကဲ့သို့ အေးဆေးတည်ငြိမ်နေပြီး ကျိရှင်းရှင်းသည် ကျိုးရွှင်းဟွာနှင့် ယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေချိန် ဖြစ်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now