Ch-132

2.3K 278 14
                                    

အခန်း ၁၃၂ အချိန်နှင့်အမျှ

ကွမ်နင်နန်းတော်တွင် ထန်ရှီးရှီးက တုကျင်းအား ညည်းညူပြနေရင်း သူမ၏ခါးကို နှိပ်နယ်စေကာ အလှပြင်သည့် ညောင်စောင်းပေါ်တွင် မှီထိုင်နေသည်။ " နွေရာသီမှာ ကိုယ်ဝန်ရရတာ တကယ်ကို ဒုက္ခရောက်တယ်"

ကျင်းလင်၏ နွေရာသီသည် ပူနေပြီဖြစ်ပြီး ကိုယ်ဝန်ရှိနေသည့် ထန်ရှီးရှီးအတွက် တကယ်ကို အဆင်မပြေဖြစ်ခဲ့ရသည်။ ဒါကို မြင်တော့ တုကျင်းက " မယ်မယ်... ဧကရာဇ်နန်းတော်ဗျူရိုကို ရေခဲနည်းနည်းပို့ပေးဖို့ ဘယ်လို မတောင်းဆိုရတာလဲ"

ထန်ရှီးရှီးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ရေခဲလုံးဝမသုံးဝံ့သောကြောင့် အခန်းထဲတွင် သူမကိုယ်သူမသာ ယပ်ခပ်နေနိုင်ခဲ့သည်။ ထန်ရှီးရှီးက ဒီအကြောင်းကို တွေးပြီး ခေါင်းခါလိုက်ပြီး "မေ့လိုက်ပါ... ကလေးအတွက်က အအေးတွေ အများကြီးသုံးတာ မကောင်းဘူး... ခဏလောက် သည်းခံလိုက်ပါ့မယ်"

တုကျင်းသည် ထန်ရှီးရှီးအတွက် ယပ်တောင်ကို အမြန်သွားရှာခဲ့သည်။ သူမသည် ညင်သာစွာ ယပ်ခပ်ပေးကာ " မယ်မယ်... မယ်မယ် နေလို့မကောင်းတာကို ဘုရင်မင်းမြတ်ကို ဘာလို့ မပြောတာလဲ"

ထန်ရှီးရှီးက အေးစက်စွာ ဟစ်အော်ပြီး "သူ့ကို ပြောတာက ဘာအကျိုးရှိလဲ... ငါ့ဘာသာ သည်းခံဖို့ပဲလိုတာ"

လျှိုကျိ ချဉ်းကပ်လာစဉ်တွင် ထိုစကားမျိုးကို သူကြားလိုက်ရသည်။ ကျောက်ချန်ကျွင်း သည် ထန်ရှီးရှီး၏ အနားယူခြင်းကို အနှောက်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့ခဲ့ပြီး တံခါးဝမှ အမတ်က သူရောက်ရှိကြောင်း ကြေညာခြင်းမပြုစေခဲ့ပေ။ သို့သော် သူသည် ဤအခင်းအကျင်းထဲသို့ ပြေးဝင်ရန် မမျှော်လင့်ခဲ့မိပေ။

လျှိုကျိက ရှက်သွားပြီး ကျောက်ချန်ကျွင်းကို အမြန်ကြည့်လိုက်သည်။ သခင်က ဂရုမစိုက်သလို အေးဆေးတည်ငြိမ်နေတာကို သူတွေ့လိုက်သည်။ လျှိုကျိက " မယ်မယ် မှာ ကိုယ်ဝန်ရှိနေတာဖြစ်ပြီး ဒေါသကလည်း အထွက်မြန်ပါတယ်... မယ်မယ်က ဘုရင်မင်းမြတ်ကို မကျေနပ်တာတော့ မဟုတ်လောက်ပါဘူး"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now