Notification

2K 172 27
                                    

Notification

ပထမဆုံးပေးချင်တဲ့ Noti လေးက ဒီ Novel ကို edit နဲနဲလုပ်ထားပါတယ်... အရင်ထက်ဖတ်ရတာပို အဆင်ပြေလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်.... edit လုပ်ရင်းနဲ့ အရင်တုန်းက သည်းခံပြီးဖတ်ပေးခဲ့တဲ့ ချစ်ရပါသော ဒါဒါလေးတွေကို အရမ်းအားနာရပါတယ်... တွေးမိတာကလေ ဒါဒါလေးတွေရဲ့ စာဖတ်စွမ်းရည်ကလဲ အရမ်းမြင့်ပုံပဲ.... အဲ့လောက်ဆိုးဆိုးဝါးဝါးကို မDropပဲ အပြီးအထိ ဘယ်လိုများဖတ်ခဲ့ကြပါလိမ့်နော်.... ဘာပဲဖြစ်ဖြစ်ပါ ဖတ်ပေးခဲ့တဲ့ တယောက်ချင်းစီကိုရော... ဝေဖန်အကြံပြုပေးတဲ့ တစ်‌‌ယောက်ချင်းစီကိုရော...မညည်းမညူအားပေးခဲ့တဲ့ တယောက်ချင်းစီကိုရော တကယ်ကို ကျေးဇူတင်ပြီး တကယ်ကို ချစ်ရပါတယ်...

၂၅/၆/၂၀၂၃

B_W_Lily

🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰

About Extra

နောက်ထပ်ပြောချင်တာက Extra အကြောင်းလေးပါ.... နားမလည်ဘူးလို့ ခနခန ပြောကြလို့ပါ... တကယ်ဆို ကိုယ်လဲ နားမလည်ပါဘူး... နားမလည်ပဲဘာသာပြန်မိလို့လားဆိုပြီး ထပ်ဖတ်ခဲ့ပေမယ့်လဲ တချို့နေရာတွေက တကယ်ကို မရှင်းပါဘူး... ဒါပေမယ့် အခေါက်ခေါက်အခါခါ ပြန်ဖတ်ပြီးတဲ့အခါ... ကိုယ် နားလည်လိုက်တာကို နဲနဲ ဆွေးနွေးကြည့်ချင်တယ်...

ကိုယ်နားလည်တာက ဒီလိုပါ....

အပိုင်း (၁) ကနေ (၁၃၅) အထိရယ် Extra (၁), (၂) ရယ်က အခုလက်ရှိဘဝ (နောက်ဆုံးဘဝ)ပေါ့နော်

Extra (၃) ကနေ (၈) အထိက အရင်ဘဝလို့ ခေါင်းစဥ်တပ်ထားတော့ Main story မတိုင်ခင်က ဘဝပေါ့...

အဲ့ဘဝမှာ ရှီးရှီးသေသွားတဲ့ နေရာက စလာတယ်...ကိုယ် တွေးမိတာကတော့ ရှီးရှီးက ခုဘဝလို စာအုပ်မရခဲ့ပဲ စာအုပ်ထဲကအတိုင်း အကုန်ဖြစ်တယ်ပေါ့... ရှီးရှီးကလဲ ရှီဇီရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်ခဲ့ပြီး ကျင့်ဝမ်လဲ စာအုပ်ထဲကအတိုင်းသေတယ်...ပြီးတော့ ရှီးရှီးအသတ်ခံရတယ်... သတ်လိုက်တဲ့ အကြောင်းအရင်းက ကျောက်ဇီရှင်းက မနာလိုလို့ဆိုတာမျိုး အရိတ်အမြွတ်ရေးထားတယ်...‌ရှီးရှီးက သေပြီးတဲ့အခါ သရဲဖြစ်နေပြီး လျောက်သွားနေပုံပဲ ...ပြီးမှ ကျိုးရွှင်းဟွာကို ခြောက်ဖို့ကြိုးစားရင်း ရေတွင်းထဲကြရာက... အချိန်နောက်ပြန်ရောက်သွားပုံပဲ...သူအသက်ခြောက်နှစ် ကျင့်ဝမ် ဆယ့်သုံးနှစ်အချိန်ကိုပေါ့... ပြီးတော့ သရဲ နဲ့ လူ နန်းတွင်းမှာ ခနနေကြတယ်..ပြီးတော့ ရှီးရှီးက ခြောက်နှစ်အရွယ်ကို rebirth ဖြစ်သွားတယ်.... အမလေး သေလိုက် သရဲဖြစ်လိုက် ပြန်ရှင်လိုက် ...သိပ်မရှုပ်ပါဘူးလေ...

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now