Ch-10

3.4K 380 0
                                    

အခန်း ၁၀ တစ်ဦးကိုတစ်ဦး လေးစားပါ

ရှန့်ထိုက်၏ပဉ္စမနှစ် ဇူလိုင်လလေးရက်နေ့တွင် ဖုန်းမော့မော့သည် ကျင့်ဝမ် စံအိမ်မှ ပြန်ထွက်ခွာသွားခဲ့သည်။

ထန်ရှီးရှီးက ဒုတိယတံခါးတွင် ရပ်နေပြီး သူမ၏နောက်တွင် မိန်းမလှလေးများက နှစ်တန်းစီပြီး ရပ်နေကြသည်။ သူတို့အားလုံး တိတ်ဆိတ်နေပြီး ဖုန်းမော့မော့ ရထားလှည်းပေါ်တက်တာကို လှမ်းကြည့်‌‌နေကြသည်။

ကျိုးရွှင်းဟွာက လူအုပ်ကြားတွင် ရပ်နေကာ ဧကရာဇ်နန်းတော်မှ သံတမန် ထွက်ခွာသွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူမရဲ့ ၀တ်စားဆင်ယင်မှုက ယနေ့မှာလဲ ထူးထူးခြားခြား မဟုတ်ပဲ မိန်းမလှလေးများတွေကြားမှာ ရပ်နေချိန်မှာ သူမဟာ မှေးမှိန်သွားခဲ့သည်။ ဖုန်းမော့မော့က သူမကို လုံးဝမေ့သွားသလိုမျိုး သူမထွက်သွားချိန်မှာ သူမကို လုံးဝမကြည့်ခဲ့ဘူး။ တစ်ချိန်တည်းမှာပင် ကျိုးရွှင်းဟွာကလည်း သတိမပြုမိချင်ပေ။ ဖုန်းမော့မော့က ရထားလုံးပေါ်တက်ရင်း လှည့်ကြည့်လိုက်တော့ ထန်ရှီးရှီးက ရှေ့တန်းရောက်နေသည်ကို တွေ့လိုက်ရသည်။

ထန်ရှီးရှီးက ဖုန်းမော့မော့ ၏ အာရုံစိုက်မှုကို သတိပြုမိလိုက်ပြီး ခေါင်းငုံ့ကာ "မော့မော့ကို လေးစားစွာ နုတ်ဆက်ပို့ဆောင်ပါတယ်"

ဖုန်းမော့မော့သည် နောက်ဆုံးတွင် ရထားလုံးပေါ်သို့ တက်သွားပြီး ကန့်လန့်ကာကို လျှော့ချပြီးနောက် လှုပ်ရှားမှု မရှိတော့ပေ။ ရထားက ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး ဘီးများသည် မြေပြင်ပေါ်တွင် လှိမ့်ကာ တွန့်ခနဲ အသံထွက်သည်။ မိန်းမပျို ဆယ်ယောက် မည်မျှပင် ရင်တထိတ်ထိတ် ဖြစ်နေပါစေ ဖုန်းမော့မော့က ပျောက်ကွယ်သွားပြီး သူမတို့အားလုံးသည် ယခုအချိန်တွင် မျက်နှာပေါ်တွင် ညှိုးငယ်သောပုံရိပ်များ ပေါ်နေသည်။ ကျိုးရွှင်းဟွာလည်း စိတ်ဓာတ်ကျနေပုံရသည်။ ကျိုးရွှင်းဟွာသည် ဤအမျိုးသမီးကိုးဦးနှင့် သူမ၏ ဇာတ်လမ်းကို စတင်နေပြီဖြစ်ပြီး နောက်အနှစ် ၂၀ တိုင်တိုင် သူတို့နှင့် ရန်ဖြစ်မည်ကို ကျိုးရွှင်းဟွာက မသိခဲ့ပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now