Extra -2

3.2K 288 17
                                    

(အချပ်ပို-၂) အခန်း ၁၃၇ - ဧကရီ - တစ်သက်တာ ကတိတစ်ခု

ညနေပိုင်းတွင် ကျောက်ချန်ကျွင်းက တစ်နေ့တာ အစီရင်ခံစာများအတွက် အလုပ် ပြီးမြောက်ပြီး ညနေစာစားရန် ကွမ်နင်းနန်းတော်သို့ ပြန်သွားခဲ့သည်။

ကျောက်ကျင့်ရှုနှင့် ကျန်သူများ မအံ့သြကြပေ။ သူတို့အဖေကို နှုတ်ဆက်ပြီးတော့ ခန်းမကြီးထဲမှာ နေရာအနှံ သူတို့ဘာသာဆော့ ကစားကြနေသည်။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ဘေးတွင် ထိုင်နေကာ ကျောက်ဇီယန်၏လက်ကိုဆွဲရင်း "ဒီနေ့ မင်းကို သူဒုက္ခပေးခဲ့သေးလား"

"မပေးဘူး " ထန်ရှီးရှီးက " ဇီယန်က အရမ်းနာခံတယ်.... ဗိုက်ဆာတဲ့အချိန် ဒါမှမဟုတ် သူ စိတ်မသက်မသာဖြစ်ချိန်ကလွဲလို့ သူငိုတာ ရှားတယ် "

ဤသည်မှာ အမှန်တရားဖြစ်သည်။ ကျောက်ဇီကောင်းက ငယ်ငယ်ကတည်းက ပြဿနာရှာခဲ့ပြီး လူကြီးတွေက ခဏလောက်တောင် ပျင်းရိမနေခဲ့ရဘူး။ ကျောက်ကျင့်ရှုသည် အရေခြုံမှု အမြင့်မားဆုံး စံချိန်တင်ခဲ့သည်။ အကိုကြီးနှင့် အစ်မတို့က ဝေစုကို အကုန် သုံးစွဲသွားခြင်း ဖြစ်နိုင်သည်။ ဒီတော့ နောက်ကလေးနှစ်ယောက်က တစ်ယောက်က သာလွန်ပြီး ကျန်တစ်ယောက်က အေးအေးဆေးဆေး ထိန်းရလွယ်သည်။

ကျောက်ချန်ကျွင်းက ခေါင်းညိတ်လိုက်ပြီး ကျောက်ဇီယန်နှင့် ကျောက်ကျင့်ချင်ကို ယုံကြည်နေဆဲဖြစ်သည်။ ကျောက်ချန်ကျွင်းက သူ့သားငယ်ရဲ့ ထွားကျိုင်းတဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "ကျောက်ဇီယန်က ဒုက္ခမပေးဘူး ဒါဆို သူတို့ကော ဘယ်လိုလဲ"

ပင်မခန်းမကြီးသည် ရုတ်တရက် အလွန်တိတ်ဆိတ်သွားသည်။ ကျောက်ဇီကောင်း၏ စစ်တုရင်လှုပ်ရှားမှု ရပ်တန့်သွားသည်။ ကျောက်ကျင့်ရှုသည် မူလက ကျောက်ကျင့်ချင်နှင့် ခုန်ကြိုးဖြင့်ကစားခဲ့သော်လည်း ယခုအခါတွင် သူမသည် ဇာတ်ကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့ပေ။ ကျောက်ဇီယန်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ပင်မခန်းမအတွင်းရှိ လှုပ်ရှားမှုမျိုးစုံကို တိတ်တဆိတ် ကြည့်နေလေသည်။ သူ့မျက်လုံးတွေက ငါ မင်းကို မကူညီနိုင်ဘူးလို့ ပြောနေပုံရတယ်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now