Ch-97

2.4K 308 5
                                    

အခန်း ၉၇ မျက်နှာသာပေးခံရခြင်းကို အားကိုးခြင်း

ကလေးက တစ်နေ့ပြီးတစ်နေ့ နေ့စဥ်ပြောင်းလဲလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ဇီကောင်းသည် ရက်တစ်ရာပြည့်သွားခဲ့ပြီ။

ထန်ရှီးရှီးရော ကျောက်ချန်ကျွင်းရော ရက်တစ်ရာစားပွဲကို ကြီးကြီးမားမား မလုပ်ချင်ကြဘူး။ နောက်ဆုံးတော့ သူတို့စံအိမ်မှာ ညစာစားပွဲလုပ်ဖို့ သဘောတူညီမှုရခဲ့သည်။

အိမ်အကူတွေက အိမ်အပြင်ဘက်မှာ စားပွဲတွေ ခင်းကျင်းထားကြသည်။ ကျောက်ဇီကောင်းကို ညောင်စောင်းပေါ်တွင် ချထားခဲ့ပြီး ညောင်စောင်းဘေးတွင် လူများပြည့်နေသည်။ အားလုံးက "ပိုကြိုးစား၊ ပိုကြိုးစား။ အိုး.. သူ လှည့်တယ်!"

အခန်းထဲတွင် ရယ်မောသံ​များကြောင့်​ အလွန်​သက်​ဝင်နေ​သည်​။ ထန်ရှီးရှီးက ပြုံးပြီး ကျောက်ဇီကောင်းကို ကောက်ပွေ့လိုက်ကာ "အရမ်းတော်တယ်... မင်းကိုယ်တိုင် လှည့်နိုင်တယ် "

လျှိုကျိက သူမဘေးနားမှာ ဟာသတစ်ခုအနေနဲ့ ပြောနေတာက "လှည့်တက်ဖို့ ၃ လ၊ ထိုင်ဖို့ ၆ လ၊ တွားသွားဖို့ ၈ လ တဲ့။ ပုံမှန်အားဖြင့် သာမန်လူတွေမှာ ကလေးတွေ လှည့်တက်ဖို့ လေးလ ဒါမှမဟုတ် ငါးလ ကြာတယ်... ကျွင့်ဝမ်လေးက သုံးလပဲ ကြာတယ်... အဲ့တာက သူ ကောင်းစွာကြီးပြင်းလာကြောင်း ပြသနေတယ်"

အိမ်အကူတွေက အားလုံးသဘောတူပြီး "မှန်ပါတယ်... ဝမ်ဖေးက ကျွင့်ဝမ်လေးကို ပိုအာရုံစိုက်ပြီး အရာရာကို သူမဘာသာသူမ လုပ်ပေးတယ်... ကျွင့်ဝမ်က ဝမ်ရယ်လို အဖေနဲ့ ဝမ်ဖေးလိုအမေရဲ့ ချစ်ခင်စွာ စောင့်ရှောက်ပေးတာကို ခံရတာလေ... အဆင်မပြေဘူးရှိမလား "

ထန်ရှီးရှီးက ပြုံးပြီး အစေခံတွေကို ကြည့်နေကာ "မင်းတို့က ငါ့ကို မြှောက်နေတာလား... ပုံမှန်ဆို ငါ မင်းတို့ စကားပြောတာ သိပ်မတွေ့ပါဘူး"

တုကျင်းက အသံကျယ်ကျယ်ဖြင့် "ဘယ်ဟာက မြှောက်ပင့်မှုလဲ" "ကျွန်မတို့က အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောနေတာပါ... ကျွင့်ဝမ်က ဝမ်ရယ် နဲ့တူတယ်... သူက ပင်ကိုယ်စွမ်းရည်ရှိပြီး အလွန်သန်မာတဲ့ ခြေလက်တွေရှိတယ်... နောက်ဆုံး အကြိမ်က ကျွန်မဆံပင်ကို ဆွဲကိုင်လိုက်တာက ဘယ်လိုမှ ပြန်မဆွဲထုတ်နိုင်ဘဲ ထိပ်ပြောင်တဲ့အထိ ဆံပင်ကို ဆွဲနုတ်လုနီးပါးပါပဲ "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now