Ch-61

2.4K 297 8
                                    

အခန်း ၆၁ အလျှော့အတင်း

ထန်ရှီးရှီး၏ နဖူးသည် အေးစက်နေသည်။ ကျောက်ချန်ကျွင်းက သူ့လက်ကို သူမ နဖူးပေါ်တင်လိုက်တဲ့အခါ သူ့လက်က သူမအရေပြားထက်တောင် ပိုအေးနေပုံရပြီး ထန်ရှီးရှီး တိတ်တဆိတ် တုန်တုန်ယင်ယင် ဖြစ်သွားသည်။

စိတ်ပျက်အားငယ်နေသည့်အခိုက်အတန့်တွင် ထန်ရှီးရှီးက သူမ၏လျှာကို ကိုက်လုနီးပါးဖြစ်ကာ " ဝမ်ရယ်... အရှင်က ဘာလို့ဒီကိုရောက်နေတာလဲ... တုကျင်းက ဘယ်မှာလဲ... သူတို့ဘာကြောင့် အကြောင်းကြားရမှန်း မသိတာလဲ"

တုကျင်းနှင့် အခြားသူများမှာ ခါးသီးသောအမူအရာများဖြင့် အနောက်တွင် ရပ်နေကာ ဘာမှပြန်မပြောနိုင်ပေ။ ဤကိစ္စသည် တုကျင်းကို အပြစ်မတင်နိုင်ကြောင်း ထန်ရှီးရှီးလည်း သိသည်။ သူတို့သည် အခြားသူများကို တာဝန်ထမ်းဆောင်နေသော အိမ်အစေခံများသာဖြစ်ပြီး သူတို့၏ဘဝများသည် ကျောက်ချန်ကျွင်း၏လက်ထဲတွင် ရှိနေသည်။ ဒါကြောင့် ကျောက်ချန်ကျွင်းကို သူတို့ ဘယ်လိုရင်ဆိုင်ဝံ့ကြမလဲ။

ထန်ရှီးရှီးက သက်သေအထောက်အထားများကို ဖျက်ဆီးခဲ့သည့်အတွက် သူမကိုယ်သူမ ကျေးဇူးတင်နေမိပြန်သည်။ သူမ၏အမူအရာက အမြန်ပြန်ကောင်းလာပြီး ငြိမ်သက်ဟန်ဆောင်ကာ ကျောက်ချန်ကျွင်းကို အထဲသို့ခေါ်သွားကာ " ဝမ်ရယ်... ကျေးဇူးပြုပြီး ဝင်လာပါ... ကျွန်မက အခန်းထဲမှာ အခုပဲ အနားယူနေတာ... ဝမ်ရယ် ရောက်လာတာကို ကျွန်မ မသိလိုက်ဘူး... ဒီကလေးမလေးက ပေါ့ဆမိလို့ ခွင့်လွှတ်ပါနော်"

ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ စကားကို သံသယဖြစ်ပုံမပေါ်ဘဲ ပြုံးရုံသာပြုံးနေသည်။ အခန်းထဲဝင်လာပြီးနောက် သူက အမှတ်တမဲ့ တစ်ချက်ကြည့်လိုက်ပြီး "ကျိရှင်းရှင်းက မင်းနဲ့ ရန်ယွိကျင်ကို ဒီနေ့ပွဲလေးတစ်ခုလုပ်ဖို့ ဖိတ်ခဲ့တာ ငါ ကြားတယ်... မင်း သူတို့နဲ့ မပျော်ဘူးလား... မင်းက ဘာလို့ စောစောပြန်လာတာလဲ" ကျောက်ချန်ကျွင်း၏အသံသည် တည်ငြိမ်နေပြီး အလွန်နူးညံ့သိမ်မွေ့သော်လည်း စကားလုံးတိုင်းသည် ဖိအားများစွာကို သယ်ဆောင်လာပုံရသည်။ သတိလက်လွတ်ဖြစ်လျှင် သူမသည် အမှုန့်ဖြစ်အောင် ကြေမွသွားလိမ့်မည်။ ထန်ရှီးရှီးက ပြုံးပြီး "စိတ်ဝင်စားစရာလို့ မထင်ဘူး.. အဲ့ဒါကြောင့် စောစောပြန်ထွက်ခဲ့တာပါ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now