Ch-110

2.8K 325 19
                                    

အခန်း ၁၁၀ စိတ်ခံစားမှုဆိုင်ရာ စွဲလန်းမှု

အဆင်မပြေတဲ့ တိတ်ဆိတ်မှုကို မြင်လိုက်ရတော့ ထန်မင်ဇယ်က "မိန်းကလေးတစ်ယောက်က အမျိုးသမီးဘ၀မရောက်ခင် ဆယ့်ရှစ်ကြိမ်လောက် ပြောင်းလဲသွားတယ်... မျက်စိတစ်မှိတ်အတွင်းမှာပဲ သမီးနှစ်ယောက် အိမ်ထောင်ကျနေပြီ... ဒါက ကောင်းတဲ့အရာပါ... ထန်ရှီးရှီးက ကလေးတောင်မွေးထားပြီး ကလေးတစ်ယောက်ရနေပြီ... နောက်တစ်ယောက်... ထန်ယန်ယန်က ချီကျင့်ရှန့် နဲ့ မကြာခင် ကလေးယူဖို့ ပိုကြိုးစားနေသရွေ့တော့ ဖခင်တစ်ယောက်ဖြစ်ရတာ နောင်တရစရာ မရှိပါဘူး"

ကျောက်ချန်ကျွင်းက တစ်ချိန်လုံး သာယာစွာ ပြုံးနေခဲ့သည်။ ထိုအမည်ကို ကြားလိုက်ရသောအခါတွင်တော့ အနည်းငယ် အပြုံးလျော့သွားသည်။

ချီကျင့်ရှန့်......? _ ကျောက်ချန်ကျွင်းက ခေါင်းကို မြှောက်လိုက်ပြီး ချီကျင့်ရှန့်ရဲ့ မျက်လုံးတွေကို မော့ကြည့်လိုက်သည်။ ကျောက်ချန်ကျွင်းက အချိန်အတော်ကြာ သည်းခံခဲ့သည်။ သူ ဒီနေ့ တံခါးထဲဝင်လိုက်ကတည်းက ချီကျင့်ရှန့်က ထန်ရှီးရှီးကို ခိုးကြည့်နေပြီး သူ့အကြည့်တွေက ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေနဲ့ ပြည့်နှက်နေပြီး ခံစားချက်ဟောင်းတွေက မပြီးဆုံးသေးဘူးဆိုတာ သိသာထင်ရှားနေသည်။ ကျောက်ချန်ကျွင်း ရှိနေချိန်မှာတောင် သူက ပြောင်ပြောင်တင်းတင်းပဲ၊ ဒါဆို ကျောက်ချန်ကျွင်း မရောက်ခင်က ချီကျင့်ရှန့်က ဘယ်လိုလဲ။

ဒါက ရိုးရိုးရှင်းရှင်းပဲ ရမ်းကားလွန်းနေသည်။ ကျောက်ချန်ကျွင်း ကွယ်လွန်သွားပြီလို့ သူထင်ခဲ့လေသလား။

ကျောက်ချန်ကျွင်းက စိတ်ဆိုးနေပေမယ့်လဲ ထန်ရှီးရှီးက ထန်ယန်ယန်နှင့် ကိုယ်လုပ်တော်စုတို့ကို အစမှအဆုံးအထိ အာရုံစိုက်ခဲ့ပြီး ချီကျင့်ရှန့်ရှိသည့်နေရာကို ဘယ်သောအခါမှ မကြည့်သည့်အတွက်လည်း ကျေနပ်နေမိသည်။ အနည်းဆုံးတော့ ထန်ရှီးရှီးက အဲဒါကို ထားခဲ့ပြီးသားနဲ့ တူသည်။

ဤအရာက ကျောက်ချန်ကျွင်းက ထန်ရှီးရှီး၏ တကယ့်ခင်ပွန်းဖြစ်သည်ဟူသော ခံစားချက်ကို အနည်းနှင့်အများ ဖြည့်ဆည်း ပေးနေခဲ့သည်။ ထန်ရှီးရှီးက ချီကျင့်ရှန့်၏ အချစ်ဟောင်း ဖြစ်ခဲ့သည်ဟု မည်သို့ပင်ဆိုစေ ထန်ရှီးရှီးက ယခု သူ၏လူဖြစ်ပြီး သူ့သားကို မွေးဖွားခဲ့သည်။ ထန်ရှီးရှီးက ဒုတိယမြောက် ကလေးယူရ မည့်အချိန်လဲ ဖြစ်နိုင်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now