Ch-5

4.3K 488 7
                                    

အခန်း ၅ အိမ်တော်သို့ ဝင်ရောက်ခြင်း

ထန်ရှီးရှီးက ထိုနာမည်ကို တိတ်တဆိတ် မှတ်သားနေမိသည်။ ဖုန်းမော့မော့က ထန်ရှီးရှီး ၏အသွင်အပြင်ကို ကြည့်ကာ သူမ၏ မျက်လုံးများကို ထန်ရှီးရှီး၏အပေါ်မှအောက်အထိ လက်၊ ခါးနှင့် ပုံသဏ္ဍာန်တို့ကို အသေအချာကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။ သူမလက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ချွတ်ပြီး ထန်ရှီးရှီး ၏လက်ပေါ်တွင် ဝတ်ပေးလိုက်သည်။

ထန်ရှီးရှီး အံ့သြသွားပြီး သူမလက်ကို အလိုလို ရုပ်သိမ်းချင်သော်လည်း ဖုန်းမော့မော့က ဆွဲထားခဲ့သည်။ ဖုန်းမော့မော့က ထန်ရှီးရှီး၏လက်ကောက်ဝတ်တွင် ကျောက်စိမ်းလက်ကောက်ကို ဝတ်ပေေးလိုက်သည်။ ထန်ရှီးရှီးက ရုပ်ရည်ချောမောပြီး မွေးရာပါ လက်ချောင်းလေးများက ဖြူဖွေး သွယ်လျလှပသည်။

ကျောက်စိမ်းလက်ကောက်ကို ထန်ရှီးရှီး၏လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော်လည်း သူမ၏လက်က ကျောက်စိမ်းလက်ကောက်ထက် ပင်ပိုပြီး လက်ရာမြောက်နေပုံရသည်။

ဖုန်းမော့မော့က ထိုမြင်ကွင်းကို ကြည့်ပြီး သူမ၏ ပကတိ အလှတရားကို တွေးမိပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမက လှပပြီး ဆွဲဆောင်မှုရှိသည်။ ဖုန်းမော့မော့က ထန်ရှီးရှီး ရဲ့ လက်ကို ပုတ်ပြီး ပြောလိုက်တယ်၊ "ရက်အနည်းငယ်ကြာရင် ငါတို့ ကျင့်ဝမ်ရဲ့ အိမ်တော်ကြီးဆီကို ရောက်လိမ့်မယ်... စံအိမ်ထဲကို ဝင်လိုက်တာနဲ့ မင်းက ကျင့်ဝမ်ရဲ့လူ ဖြစ်သွားလိမ့်မယ်... ဒီအဘွားကြီးက မင်းတို့အားလုံးကို ပို့ပေးပြီးတာနဲ့ ငါ့ရဲ့ တာဝန် ပြီးသွားလိမ့်မယ်... ပြီးရင် မြို့တော်ကို ပြန်သွားရမယ်.. ငါတို့ လမ်းခွဲပြီးရင် ဒီအဘွားကြီးက မင်းကို ဘယ်အချိန်မှ ပြန်တွေ့မယ်မှန်း မသိနိုင်ဘူး.. ခွဲခွာ လက်ဆောင်ပေးဖို့ ငါ့မှာ ဘာမှမရှိဘူး... ဟိုးရှေးရှေးတုန်းက ဧကရာဇ်ရှီကျုံး ပေးခဲ့တဲ့ ဒီလက်ကောက်တစ်ရံပဲ ဒီအဘွားကြီးမှာ ရှိတယ်။ ဒီအဘွားကြီးက အသက်ကြီးနေပြီ ပြီးတော့ အရမ်းပိန်တယ်... အဲ့ဒါကို ဝတ်ထားတာက ဒီလောက်ကောင်းတဲ့ အရာကို စော်ကားမိသလို ဖြစ်နေတယ်...အဲ့တော့ မင်းကို ပေးခဲ့လိုက်မယ်"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now