Ch-8

3.4K 398 7
                                    

အခန်း ၈ ဥာဏ်များတယ်တဲ့လား

ဖုန်းမော့မော့က ထန်ရှီးရှီးတို့ကို ကျင့်ဝမ်စံအိမ်သို့ လိုက်ပို့ပြီးနောက် ရက်အနည်းငယ်အတွင်း မြို့တော်သို့ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သည်။

ဖုန်းမော့မော့က သဘာဝအတိုင်း အရေးပါသူတစ်ဦးဟု မယူဆနိုင်သော်လည်း အရေးအကြီးဆုံးမှာ သူမက ဧကရီမယ်တော်ကြီး၏ ယုံကြည်ရသော လက်ထောက်ဖြစ်သည်။ ဖုန်းမော့မော့က အစေခံတစ်ဦးပင်ဖြစ်သော်ငြားလည်း နန်းတော်မှထွက်ချိန်တွင် သူမက ဧကရီမယ်တော်ကြီးကို ကိုယ်စားပြုနိုင်သည်။

ထို့ကြောင့် ကျောက်ချန်ကျွင်းက ဖုန်းမော့မော့နှင့် သူမနှင့်အတူ လိုက်ပါလာသော အရာရှိများကို နူတ်ဆက်ရန် ဧည့်ခံပွဲတစ်ခု ပြုလုပ်ပေးခဲ့သည်။ ရှီပင်းပြည်နယ်မှ အရာရှိများနှင့် ဝန်ကြီးများအပြင် ရှီဇီဖြစ်သော ကျောက်ဇီရှင်းလည်း တက်ရောက်မည်ဖြစ်သည်။

ပွဲကျင်းပသည့်နေ့တွင် အိမ်တော်အတွင်း နံနက်စောစောကတည်းက အလုပ်များနေပြီး အထူးသဖြင့် ဂရုတစိုက်ဝတ်ဆင်ထားသည့် ထန်ရှီးရှီး အပါအဝင် အပျိုတော်မိန်းမလှကလေး ဆယ်ယောက်လဲ စိတ်လှုပ်ရှားနေကြသည်။

ဒီနေ့ သူမတို့ ဖုန်းမော့မော့ကို နှုတ်ဆက်ဖို့ သွားကြရမှာဖြစ်ပြီး ဖုန်းမော့မော့က မြို့တော်သို့ ပြန်သွားပြီးနောက် သူမတို့က ကျင့်ဝမ်စံအိမ်တွင် နေခဲံ့ကြရမည်ဖြစ်သည်။ နောင်အခါ၌ မျက်နှာသာရမှုနဲ့ ကံကောင်းမှု၊ ကံမကောင်းမှု ဟူသမျှသည် မိမိတို့ ကံပေါ်ပဲ မူတည်တော့သည်။

ထန်ရှီးရှီးက ပွဲတက်ရန် သူမ၏ အကောင်းဆုံးဝတ်စုံကို ၀တ်ဆင်ထားသည်။ အပျိုတော်မိန်းမလှကလေး ဆယ်ယောက်ကို ကျင့်ဝမ်ထံ အစေခံရန် စေလွှတ်ထားသော်လည်း အခြားသူများက သူမတို့ကို အလုပ်ခိုင်းစေခြင်းကို မည်သူမျှ ခွင့်မပြုထားပေ။ ဒီနေ့ပွဲလိုပါပဲ အိမ်တော်ရဲ့ အိမ်ဖော်တွေ အရမ်းအလုပ်များတယ်။ ဒါပေမယ့် ထန်ရှီးရှီးနှင့် အခြားသော အပျိုတော်မိန်းမလှကလေးများကတော့ ပင်မခန်းမဆောင်တွင် တန်းစီကာ ရပ်နေကြပြီး ကိုယ်ဟန်ပြရုံဖြင့်ပင် သူတို့၏ အလုပ်များကို ပြီးမြောက်စေသည်ဟု ယူဆကြသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now