Ch-117

2.1K 253 17
                                    

အခန်း ၁၁၇ သတင်းပေးသူ

ဧကရီမယ်တော်ကြီးယောင်သည် ကျိုးရွှင်းဟွာကို အလေးအနက်မထားသော်လည်း ထိုကဲ့သို့ပြောလာလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားပေ။ ဧကရီမယ်တော်ကြီးယောင်က လေးနက်စွာကြည့်ကာ "ရဲတင်းလိုက်တာ! မင်းလို့ နိမ့်ကျတဲ့ ကိုယ်လုပ်တော်မျှသာသာက ကျင့်ဝမ်ဖေးကို အပြစ်တင်ဖို့ ပါးစပ် ရှိနေတယ် "

ကျိုးရွှင်းဟွာသည် ဧကရီမယ်တော်ကြီးယောင်၏ ယုံကြည်မှုကို ရရှိရန် မလွယ်ကူကြောင်း သိထားသော်လည်း ဧကရီမယ်တော်ကြီးယောင်က သူမအား ဒေါသတကြီး နှင်ထုတ်ခြင်းမပြုသဖြင့် ယင်းကိစ္စသည် အလားအလာကောင်းကြောင်း ပြသနေသည်။ ကျိုးရွှင်းဟွာသည် ကြမ်းပြင်တွင် နဖူးကို ထိကာ လှဲလျောင်းနေသေးပြီး "ကျွန်မက ယုတ်ညံ့တယ်လို့ သိထားပြီး ဧကရီမယ်တော်ကြီးယောင်ရဲ့ နှလုံးသားထဲက ကျင့်ဝမ်ဖေးရဲ့ ရာထူးနဲ့ ယှဉ်လို့မရပါဘူး... သို့ပေမယ့် ကျွန်မ ပြောသမျှက မှန်သလို ဘာမှ မှားတာလဲ မပါပါဘူး... ဧကရီမယ်တော်ကြီး.....မယ်မယ်မယုံဘူးဆိုရင်လဲ နောက်မှ အေးဆေး စဉ်းစားလို့ ရပါတယ်... ထန်ရှီးရှီးက ကျင့်ဝမ်စံအိမ်ထဲကို ဝင်ကတည်းက မယ်မယ်အတွက် အကျိုးပြုတာ တစ်ခုခုလုပ်ဖူးလား"

ဧကရီမယ်တော်ကြီးယောင်က ကျိုးရွှင်းဟွာ၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် အတူ ပြန်သတိဝင်လာပြီး ထိုသို့သော အရာမရှိကြောင်း တွေ့ရှိခဲ့သည်။ ဧကရီမယ်တော်ကြီးယောင် က "သူ(မ)... သူ(မ)က အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူ(မ)ရဲ့ အရည်အချင်းက အကန့်အသတ်နဲ့ဆိုတော့ မအောင်မြင်သေးတာလဲ ဖြစ်နိုင်တယ် "

" မယ်မယ်... ဒါက ထန်ရှီးရှီးရဲ့ ဟန်ဆောင်မှုတစ်ခုပဲ!" ကျိုးရွှင်းဟွာက "သူ(မ)က ကျားစားဖို့ ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး မိုက်မဲသလို အချည်းနှီး ဟန်ဆောင်နေတာ... တကယ်တော့ သူ(မ)က အကြံဥာဏ်ကောင်း ရှိတယ်... ထန်ရှီးရှီးက နန်းတော်မှာရှိနေစဉ်ထဲက မယ်မယ်က သူ(မ) လူတွေရဲ့အဓိပ္ပာယ်ရှိတဲ့ အကြည့်တွေကိုသိပြီး လက်တွေ့ကျကျ လျင်မြန်စွာ လုပ်ဆောင်တက်တာကို မြင်ဖူးမှာပါ... ကျင့်ဝမ်ရဲ့ စံအိမ်ကို ရောက်တော့ ဘာကြောင့် ဆိုးရွားမှုတွေ ထပ်ခါထပ်ခါ ဖြစ်ခဲ့တာလဲ... ဧကရီမယ်တော်ကြီး.....မယ်မယ်လည်း တွေးကောင်းတွေးနိုင်ပါတယ်... ဒီလိုနဲ့ ဖုန်းကျင်ကွယ်လွန်သွားတော့ ညီမရန်နဲ့ ကျွန်မက မောင်းမမိဿံတွေဖြစ်လာပြီး တခြားအလှမယ်တွေကို ပြန်ပို့လိုက်ကြတယ်... ဒါဆို ဒီအတွက် အကြီးမားဆုံး အကျိုးခံစားခွင့်က ဘယ်သူလဲ... ဒါတွေအားလုံးက တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ် ဆက်စပ်နေပါတယ်... နောက်ကနေ တွန်းမယ့်သူမရှိဘူးဆိုရင်တောင် မယုံနိုင်ပါဘူး... ထန်ရှီးရှီးက အထက်မှာ ဝမ်ဖေးရဲ့အမည်ဂုဏ်... အလယ်မှာ ကျင့်ဝမ်ရဲ့မျက်နှာသာရှိပြီး သူ(မ)ရဲ့အောက်မှာ သားတစ်ယောက်ရှိတယ်... သူ(မ)က ဤအရာကနေ အမြတ်အစွန်းများစွာ ရရှိခဲ့တယ်... သူ(မ)က ဤအရာအားလုံးကို လုပ်ဆောင်နိုင်ဆုံးသူ တစ်ဦးတည်းသောသူပါပဲ "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now