Ch-33

2.6K 295 4
                                    

အခန်း ၃၃ ဆီစိမ်စက္ကူ

ထုံရှို့သည် သူမ၏စကတ်ကိုမကာ စင်္ကြံဆီသို့ အမြန်ပြေးလာခဲ့သည်။ တံခါးနားကို မရောက်ခင်မှာ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ရင်း အသက်ရှုသံတွေ ငြိမ်သက်သွားတော့မှ တံခါးဆီကို ပြေးသွားခဲ့သည်။

ထိုအချိန်တွင်၊ ကျင့်ဝမ်၏ ရထားလုံးများသည် ဂိတ်ဝတွင် တစ်ချက် ရပ်တန့်သွားကာ အမျိုးသမီးများစီးလာသော ရထားလုံးများသည် မရပ်ဘဲ ဒုတိယ တံခါးဆီသို့ တိုက်ရိုက် မောင်းနှင်လာခဲ့သည်။ ပစ္စည်းတွေ သယ်နေတုန်း ထုံရှို့က လိုက်ပါလာတဲ့ အစောင့်ကို " ဝမ်ရယ်က ဘာလို့ အခုမှ ပြန်လာတာလဲ... ပြန်လာမယ်လို့ မျှော်လင့်ထားတဲ့ရက်ထက် အများကြီး နောက်ကျနေခဲ့တယ်... လမ်းမှာ နှောင့်နှေးနေတာလား"

"မဟုတ်ဘူး" လို့ အစောင့်က ပြန်ပြောလိုက်သည်။ "ထန်မိန်းခလေး နေမကောင်းလို့. ဝမ်ရယ်က ခရီးပြန်မထွက်မီ ထန်မိန်းခလေး နေကောင်းလာဖို့ စောင့်နေခဲ့တာ "

ထုံရှို့သည် စိတ်ကူးယဉ်ကမ္ဘာမှ တစ်စုံတစ်ရာကို ကြားလိုက်ပုံရပြီး သူမ၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကာ အစောင့်၏ စကားများကို သူမ လုံးဝ နားမလည်နိုင်ပေ။ ကျင့်ဝမ်က ဒုက္ခကို အမုန်းဆုံး မဟုတ်ပေဘူးလား၊ အထူးသဖြင့် လူတစ်ဦးကြောင့် ခရီးတစ်ခုလုံးကို ကြာရှည်စေရသည့်အခါမျိုးဖြစ်သည်။ အမျိုးသမီးထဲက တစ်ယောက်က နေမကောင်းဖြစ်ပြီး ကျင့်ဝမ်က အဲဒီလူကို မစွန့်ပစ်သေးဘဲ ထိုအမျိုးသမီး ပြန်ကောင်းလာဖို့အတွက် စခန်းချရာနေရာမှာ စောင့်နေခဲ့တာလား။

ထိုအချိန်တွင် မိန်းမစိုးလေးတစ်ယောက်က အမြန်ပြေးလာပြီး " ထုံရှို့ ကူးကူး . "

ထုံရှို့ အမြန် ဖြေလိုက်သည်။ မိန်းမစိုးက ငိုပြီး " ကူးကူး... ဘဏ္ဍာစိုးလျှိုက ပြောတယ်... အိမ်တော်ရဲ့ တော်ဝင်သမားတော်တွေကို အမြန်ဆုံးခေါ်ပေးစေချင်တယ်တဲ့ "

"ဘာလဲ?" ထုံရှို့ က ချက်ချင်း စိတ်ပူသွားပြီး " ဝမ်ရယ် ဒဏ်ရာရလာတာလား"

"မဟုတ်ဘူး... ထန်မိန်းခလေးရဲ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ပါ "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now