Ch-57

2.4K 297 19
                                    

အခန်း ၅၇ လွဲချော်ခြင်း

နောက်နေ့မနက်စောစောမှာ ကျောက်ချန်ကျွင်းက လူတိုင်းနဲ့အတူ ပြန်လာခဲ့သည်။

ကျင့်ဝမ်သည် ရှီမိသားစုကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ခဲ့ပြီး ကျောက်ချန်ကျွင်း သည် မြို့ထဲသို့ဝင်ပြီးနောက် ယာဉ်တန်းမှ ထွက်ခွာသွား သော်လည်း ရှီးဖျင်တစ်မြို့လုံးကို အာရုံခံစားစေခဲ့သည်။ သူသည် ထန်ရှီးရှီးနှင့် လုယိဖေး၏ရထားလုံးကို အိမ်တော်သို့ပြန်ခေါ်သွားပြီး ကျောက်ဇီရှင်းနှင့် သူ့အစောင့်များကို ရှီမိသားစုကို အိမ်ပြန်ပို့ခိုင်းစေခဲ့သည်။ သို့သော် အဆိုပါအသေးစိတ်အချက်များအား ကြည့်ရှုသူများ၏အမြင်တွင် လုံးဝလျစ်လျူရှုခဲ့သည်။

ကျင့်ဝမ်သည် နှင်းမုန်တိုင်းပြီးနောက် မြို့ပြင်သို့ အမြန်ထွက်သွားကြောင်း သူတို့သိကြပြီး တစ်ရက်အတွင်း ရှီမိသားစု၏ အမျိုးသမီးများကို ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ခေါ်ယူခဲ့သည်။ သခင်မရှီအပြင် ရှီမိသားစု၏ဒုတိယမြောက်မိန်းမပျိုလည်း ထိုနေရာတွင် ရှိနေကြောင်း ပြောနေကြသည်။

ရှီမိသားစုရဲ့ ဒုတိယမြောက် မိန်းမပျိုက ဘယ်သူလဲ။ သူမက ကျင့်ဝမ်ရဲ့ ပထမဆုံး စေ့စပ်ဇနီးမယားဖြစ်သူ ရှီယွမ်ဝမ်၏ ညီမဖြစ်သည်။ ညီအစ်မနှစ်ယောက်သည် အလွန်တူသည်ဟု တစ်ယောက်ယောက်က ကြားသိရပြီး ရှီယွမ်ချူ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အသွင်အပြင်သည် အစ်မကြီးနှင့် အတူတူပင်။

အဲ့တာကိုကြားတဲ့ သူတိုင်းက ကျင့်ဝမ်သည် တကယ်ကို လွမ်းဆွတ်တက်သူ ဖြစ်သည်ဟု တွေးကြသည်။

ထန်ရှီးရှီးက နောက်ဆုံးတွင် အိမ်ကြီးသို့ ပြန်လာခဲ့သည်။ အိမ်ကြီး၏ဒုတိယတံခါးသို့ ဝင်လာသည်နှင့်တပြိုင်နက် လုယိဖေးနှင့် ထန်ရှီးရှီးတို့သည် တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ရန်ပင် ခွန်အားမရှိကြဘဲ အနားယူရန် သက်ဆိုင်ရာအခန်းသို့ ပြန်သွားကြသည်။ ထန်ရှီးရှီးပြန်ရောက်ပြီးနောက်တွင် သူမသည် ရေချိုးပြီး မှောင်သည်အထိ အိပ်ပျော်သွားခဲ့သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now