Ch-59

2.3K 279 14
                                    

အခန်း ၅၉ စွန့်စားမှု

ထန်ရှီးရှီးက သစ်ပင်အောက်တွင် ခဏရပ်ကာ ဖြည်းညှင်းစွာ ပြန်သွားခဲ့သည်။ တုကျင်း နှင့် အခြားသူများသည် ဥယျာဉ်တံခါးတွင် စောင့်ကြပ်နေခဲ့သည်။ ထန်ရှီးရှီးပြန်လာတာကိုမြင်တော့ ထန်ရှီးရှီးကို ခြံရံဖို့ အလျင်စလို ခြေလှမ်းပြင်လိုက်ပြီး "သခင်မလေး... လေတိုက်နေတယ်... သတိထားပါ... သခင်မလေး ဘာတွေတွေ့ခဲ့လဲ.. ဘာလို့ ဒီလောက်ကြာနေတာလဲ"

တုကျင်း စကားပြောနေစဉ် သူမသည် ဥယျာဉ်ဆီသို့ လှမ်းကြည့်လိုက်သည် ။ နွေဦးသည် အနောက်မြောက်ဘက်သို့ နှောင်းပိုင်းမှရောက်လာပြီး ယခုအချိန်တွင် မြေပြင်ပေါ်တွင် နှင်းများကျနေဆဲဖြစ်သည်။ ဥယျာဉ်ရှိသစ်ပင်များသည် ခြောက်သွေ့ ညှိုးနွမ်းနေပြီး၊ အမှန်တော့ ကြည့်စရာ ဘာမှမရှိဘူး။ ထန်ရှီးရှီးက စင်္ကြံထောင့်တွင် အမည်မသိသစ်ပင်တစ်ပင် ရှေ့တွင် ရပ်နေပြီး မနီးမဝေးမှာ ကျောက်တုံးကြီးရှိသည်။ တုကျင်းသည် အချိန်အကြာကြီး ကြည့်နေသော်လည်း ကြည့်စရာကို မတွေ့ရသေးပေ။

ထန်ရှီးရှီးက သူမဝတ်ရုံကို စုကိုင်ကာစေ့လိုက်ပြီး ပေါ့ပေါ့တန်တန် ပြန်ပြောလိုက်သည် "အချိန်ဖြုန်းဖို့ တစ်ခုခုရှာနေတာပါ... ဘာမှ ထူးခြားတာမရှိဘူး "

တုကျင်းက "အိုး" ဟု သာပြောပြီး ထန်ရှီးရှီးနှင့်အတူ ချက်ချင်းပြန်ထွက်လာခဲ့သည်။ အပြန်လမ်းတွင် တုကျင်းသည် ထန်ရှီးရှီး၏ မျက်နှာကို ဂရုတစိုက်ကြည့်ကာ "သခင်မလေး... ဒီရက်အနည်းငယ်အတွင်းမှာ စာကြည့်ခန်းကို သွားစရာ မလိုဘူးလား" လို့ မေးလိုက်သည်။

" အင်း. "

တုကျင်းက သူမရဲ့ အသံမှာ စိတ်ပျက်လက်ပျက်သံနဲနဲပါပေမယ့် ဝမ်းသာအားရနဲ့ "သခင်မလေးပင်ပန်းနေတာ ကြာပါပြီ... ဒါကြောင့် ရက်အနည်းငယ်လောက် အနားယူဖို့ စိတ်ကူးက မဆိုးပါဘူး... သခင်မလေးရဲ့ခန္ဓာကိုယ်က နေကောင်းနေမှ ဝမ်ရယ်ရဲ့ စိုးရိမ်​ပူပန်​မှု​တွေကို ပို ​ပေါ့ပါး​အောင် ​ကူညီ​ပေးနိုင်မယ် "

ထန်ရှီးရှီး၏ မျက်နှာသည် ဖြူဖွေးနေပြီး သူမ အဖြေမပေးခဲ့ပေ။ သူမ စိတ်ထဲတွင် ဖြည်းဖြည်းချင်း တွေးနေမိသည်မှာ မတူညီပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now