Ch-51

2.3K 304 7
                                    

အခန်း ၅၁ အလုံးစုံ

လုယိဖေးက ထန်ရှီးရှီးကို လှည့်ကြည့်ကာ ကျောက်ချန်ကျွင်း ကျေနပ်စေချင်သောစိတ်ဖြင့် "ထန်မိန်းခလေးလဲ ဗုဒ္ဓဘုရားကျောင်းကို သွားချင်ရင်..."

ကျောက်ချန်ကျွင်းက ဒီကိစ္စကို တွေးတောင်မတွေးဘဲ လုယိဖေးစကားကို ကြား ဖြတ်လိုက်ပြီး "သူ(မ) မသွားတော့ဘူး"

ထန်ရှီးရှီးက သူမပါးစပ်ကိုဖွင့်ပြီး ပြောချင်သော်လည်း ကျောက်ချန်ကျွင်း၏ စကားကို ကြားသောအခါ သူမ ပြောမည့်သဘောတူချက်ကို ပြန်သာမျိုချနိုင်ခဲ့သည်။ ကျောက်ချန်ကျွင်းက အမှန်တကယ် ထိန်းချုပ်နိုင်စွမ်းရှိသည်ကို ထန်ရှီးရှီး သိလိုက်သည်။ သူမက "ဝတ်ပြုကိုးကွယ်ခြင်း" ဟုသာပြောခဲ့ပြီး ကျောက်ချန်ကျွင်းက မပျော်မရွှင်ဖြစ်နေပြီး သူမကိုပင် ခြိမ်းခြောက်နေခဲ့သည်။

သူက ထန်ရှီးရှီးဆီက ဝတ်ပြုကိုးကွယ်ခြင်းဆိုတဲ့ စကားကို နှစ်သက်ပုံမပေါ်ပေ။ ဒါပေမယ့် ပြဿနာက ကျောက်ဇီရှင်းနဲ့ လုယိဖေးက အဲ့စကားကိုပြောတော့ သူ ဒေါသထွက်တာကို ဘာလို့ မမြင်ရတာလဲ။

အဲ့တာက ယုတ္တိကို မရှိဘူး။ ထန်ရှီးရှီးက ဘာကြောင့်လဲ နားမလည်နိုင်ပေမယ့် လူတွေက တံစက်မြိတ်အောက်မှာ ခေါင်းငုံ့ထားရတဲ့ အကြောင်းရင်းကို သူမ နားလည်နေတုန်းပါပဲ။ ထန်ရှီးရှီးက ချက်ချင်းပင် သိမ်မွေ့သော အပြုံးမျက်နှာကို တပ်ဆင်ကာ "ဝမ်ရယ် ဆန္ဒရှိမယ်ဆိုရင်... သက်သတ်လွတ် အစားအစာတွေ စားရတာပဲဖြစ်ဖြစ်... ကျမ်းဂန်တွေကူးယူရတာ ပဲဖြစ်ဖြစ်... ကျွန်မက ဘာမဆို လုပ်နိုင်ပါတယ်"

ကျောက်ချန်ကျွင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမကို ကျမ်းဂန်ကူးဖို့လဲ မပြောသလို အသားရှောင်ရမည်ဟုလည်း မပြောခဲ့ပေ။ သူ မပြောသရွေ့တော့ လုပ်စရာ မလိုဘူးလို့ ဆိုလိုတာပါ။ ထန်ရှီးရှီးက သူမကိုယ်သူမ အတွက် ချက်ချင်း စိတ်ချသွားသည်။

လုယိဖေးသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေရင်း သိမ်မွေ့သော ခံစားချက်ကို ထပ်မံ ခံစားလိုက်ရသည်။ သူမ ဝင်လာကတည်းက လုယိဖေးက သူမက တခြားလူနှစ်ယောက်နဲ့ ကမ္ဘာတစ်ခုတည်းမှာ မရှိဘူးလို့ မကြာခဏ ခံစားလာရသည်။ သူမက ကျင့်ဝမ်ကို ကောင်းစွာလေးစားခဲ့သော်လည်း ကျင့်ဝမ်က ထန်ရှီးရှီး၏ လက်ချောင်းများကို သန့်စင်သွားခြင်း ရှိမရှိ စိုးရိမ်နေခဲ့သည်။ ကျောက်ဇီရှင်းက သူမကို အေးစက်စွာ ဆက်ဆံခဲ့ကြောင်း မျက်ရည်လည်ရွဲနဲ့ ညည်းညူခဲ့ပေမယ့် ကျင့်ဝမ်ကတော့ သိပ်ဂရုမစိုက်ဘူး။ အဲဒီအစား ထန်ရှီးရှီး ပြန်မလာမချင်း သူ တံခါးကို ခဏခဏ ကြည့်သည်။ အခုတော့ သူမနဲ့ကျောက်ဇီရှင်းတို့သည် ကွမ်ကျိဘုရားကျောင်းသို့ သွားခါနီးတွင် သူ့သားနှင့်ချွေးမကို အအေးဒဏ်ခံနိုင်ရန် သူ ဘာလုပ်ပေးနိုင်မလဲဟု မေးရမည့်အစား ကျင့်ဝမ်က ထန်ရှီးရှီးနှင့် နောက်ပြောင်နေခဲ့သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now