Ch-60

2.5K 294 12
                                    

အခန်း ၆၀ အားနည်းချက်

ရေကန်ဘေးမှ ဝါးနဲ့လုပ်ထားတဲ့ အဆောက်အဦငယ်လေးက ရေရဲ့အနားမှာ ငြိမ်သက်စွာ တည်ရှိနေသည်။ နှစ်ဖက်စလုံးရှိ ပန်းများနှင့် သစ်ပင်များသည် ပွင့်လန်းနေပြီး နွေဦးတွင်ပေါက်သောပန်းဝါဝါအကြွေပွင့်အပိုင်းအစများသည် ရေမျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်အထိ နွယ်ပင်များပေါ်တွင် တွဲလောင်းကျနေခဲ့သည်။

စိမ်းလန်းသော ဝါးပင်ငယ်တွေနဲ့ အဆောက်အဦတွင် ကျောက်ဇီရှင်းသည် အနည်းငယ် ထိန်းမနိုင်သိမ်းမရ မတ်တပ်ရပ်လိုက်ပြီး "အဖေ... အဖေက ဘာလို့ ဒီကို ရောက်နေတာလဲ?"

"စိတ်မလှုပ်ရှားနဲ့... ထိုင်ပါ" ကျောက်ချန်ကျွင်းက အလွန် စိတ်အေးလက်အေး ဖြစ်ပုံရသည်။ သူက စားပွဲမှာထိုင်ပြီး ကျောက်ဇီရှင်းကို ထိုင်ခိုင်းလိုက်သည်။

ကျောက်ဇီရှင်းဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ ကျောက်ချန်ကျွင်းက "ဒီနေ့ မင်း စိတ်အခြေအနေမကောင်းဘူးလို့ တယောက်ယောက်ပြောနေတာ ငါကြားတယ်... မင်းက မင်းရဲ့အစေအပါးအားလုံးကို လူစုခွဲစေပြီး ရေကန်ဘေးကို တစ်ယောက်တည်း ပြေးလာခဲ့တယ်... ဘာအကြောင်းကြောင့်လဲ?"

ကျောက်ဇီရှင်းက နှုတ်ဆိတ်နေသည်။ သူကိုယ်တိုင်က စိတ်အပန်းဖြေချင်ပေမယ့် မျက်လုံးတစ်မှိတ်အတွင်းမှာ ကျောက်ချန်ကျွင်းရဲ့နားထဲကို တစ်နည်းနည်းနဲ့ ရောက်သွားခဲ့သည်။ ကျောက်ချန်ကျွင်းက သူ့ကို ဘာအကြောင်းကြောင့် မေးတာလဲ။ အဲဒါက ဘာဖြစ်နိုင်မလဲ။

သို့သော် ကျောက်ချန်ကျွင်းက သာလွန်မြင့်မြတ်ပြီး သူကနိမ့်ကျသည်။ ဒီစကားတွေကို သူဘယ်တော့မှ မှန်ကန်စွာ ထုတ်ပြောနိုင်မှာ မဟုတ်ဘူး။ ကျောက်ဇီရှင်းက သူ့မျက်လုံးတွေကို ငုံ့ထားပြီး သူ့အမူအရာကို ထိန်းကာ "ဘာမှမဖြစ်ပါဘူး... နွေဦးရဲ့ ရှုခင်းက လှနေတာကို မြင်လိုက်တော့ အေးအေးဆေးဆေး ပျော်ဖို့ထက် ဘာကိုမှ မလိုချင်တော့ဘူး "

ကျောက်ဇီရှင်းသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသူဖြစ်သည်။ တမင်တကာ ဖုံးကွယ်ထားရင်တောင် သူ့အသံက နာကြည်းမှုတွေနဲ့ ပြည့်နေပါသေးသည်။ ကျောက်ချန်ကျွင်းက ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဘာမှ မပြောခဲ့ပေ။ ခဏကြာတော့ သူရုတ်တရက် "မင်း ငါ့ကို အပြစ်တင်နေတာလား"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now