Ch-11

3K 391 8
                                    

အခန်း ၁၁ စာကြည့်ဆောင်

ကျင့်ဝမ် ရောက်သောအခါ လူတိုင်း အသက်မရှူဝံ့ကြပေ။ ကျောက်ဇီရှင်းသည်ပင် ခေါင်းငုံ့ကာ တည့်မတ်စွာနေရန် မဝံ့ရဲပေ။ ထန်ရှီးရှီးသည် နှစ်ဖက်စလုံးကို လျှို့ဝှက်စွာ ကြည့်လိုက်ပြီး ဤကဲ့သို့အချိန်မျိုးတွင် သူမအပေါ် အာရုံစိုက်လာအောင်မလုပ်ပဲ စောင့်သင့်တယ်လို့ တွေးမိတယ်။

ထန်ရှီးရှီးက ညင်သာစွာ "ကျင့်ဝမ်ရယ် ..အရှင်က.. နားလည်မှုလွဲနေပါပြီ... ဒီကလေးမလေးက အရှင်ကို ဂါရဝပြုဖို့ လာတာဖြစ်လို့ အရှင် ပြန်မလာလို့ ဒီကောင်မလေးက ဒီမှာ စောင့်နေတာပါ...အရင်က ကျွန်မ တစ်ယောက်တည်း နေခဲ့ဖူးပေမယ့် ဒီနေ့ ဒီမှာ ညီမ ကျိုး နဲ့ ညီမ ရန်ကို တွေ့ဖို့ မမျှော်လင့်ထားခဲ့ပါဘူး... ရှီဇီက တိုက်ဆိုင်မှုလို့ ထင်တဲ့အတွက် သူက ရပ်ပြီး ကျွန်မတို့ကို မေးခွန်းအနည်းငယ်မေးနေတာပါ "

ထန်ရှီးရှီးသည် ကျိုးရွှင်းဟွာနှင့် ရန်ယွိကျင်တို့ကို နေရာတိုင်းတွင် နှိမ့်ချနေပြီး ယနေ့ ရှီဇီမှ ဝမ်ရယ်ကို လာနှုတ်ဆက်မည်ကို သူတို့နှစ်ဦး သိသွားကာ သူ့ကို တွေ့ရန် ဟန်ဆောင်လာကြောင်း သူမက ထင်ရှားစွာပြောခဲ့သည်။ သူမ ပြောကြားတာနဲ့ပဲ ရန်ယွိကျင် မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ကျိုးရွှင်းဟွာက တုံ့ဆိုင်းမနေဘဲ "ဒီနေ့တွေမှာ ကျွန်မတို့ လီယွင်ခြံဝန်းမှာ နေထိုင်ပြီး နေအိမ်ကို မစွန့်ခွာခဲ့ပါဘူး... အပြင်မှာ ဘာတွေဖြစ်နေလဲ ကျွန်မတို့ ဘယ်လိုသိပါ့မလဲ... ကျွန်မတို့က အရှင် ကျင့်ဝမ်ကို အစေခံဖို့ ဒီနေရာမှာရှိနေပြီး ကျွန်မတို့ ဘာမှ မလုပ်ရသေးသောကြောင့်... ညီအစ်မ ရန် နဲ့ ကျွန်မက အပြစ်ရှိတယ်လို့ ခံစားနေရတယ်... ဒီနေ့တော့ အိမ်တော်အတွက် တစ်ခုခုလုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ ရဲရဲတင်းတင်း ရောက်လာမိပါတယ်.... နေအိမ်မှာ မိုက်မဲစွာ စောင့်ဆိုင်းနေခဲ့ကြပြီး ထန်မိန်းခလေးလောက် ဉာဏ်မမီတာကြောင့် ဒီနေ့မှပဲ အိမ်တော်အတွက် စိတ်ပူစရာတွေကို မျှဝေဖို့ စဉ်းစားခဲ့မိပါတယ် "

ထန်ရှီးရှီးက ကျိုးရွှင်းဟွာတွင် မကောင်းသော ရည်ရွယ်ချက်ရှိနေသည်ဟု စောင်းငေါ့ပြောဆိုခဲ့ပြီး ကျိုးရွှင်းဟွာကလည်း နဂိုအတိုင်း ပြန်ပေးခဲ့သည်။ ကျိုးရွှင်းဟွာက အကြောင်းပြချက်တစ်ခုနဲ့ လာခဲ့ပေမယ့် ထန်ရှီးရှီးကရော မဟုတ်ဘူးလား။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now