Ch-106

2.3K 268 5
                                    

အခန်း ၁၀၆ သံသယ

ထန်ရှီးရှီးက မင်းသား၏ အိမ်တော်သို့ ပြန်လာခဲ့သည်။ ဒုတိယတံခါးကို ဝင်လိုက် သည်နှင့် တံခါးဝတွင် စောင့်ဆိုင်းနေသော ကျောက်ဇီကောင်းကို စောင့်ရှောက်သည့် အိမ်အကူကို သူမတွေ့လိုက်ရသည်။ သူမ၏ ရင်တွင်း၌ တဟုန်ထိုး ခုန်သွားကာ ထန်ရှီးရှီးက ရထားလုံး၏ ကန့်လန့်ကာကို အမြန်ရုတ်လိုက်ပြီး " ကောင်းအာ နိုးပြီလား"

ထန်ရှီးရှီးပြန်လာသည်ကို အိမ်အကူက မြင်သောအခါ၊ သူမသည် ရထားလုံးဆီသို့ ပြေးလွှားလာပြီး "ဟုတ်ကဲ့... ကျွင့်ဝမ်လေး နိုးလာပြီး ဝမ်ဖေးကို ရှာဖို့အော်ငိုနေတာ"

ထန်ရှီးရှီးက ထိုစကားကိုကြားသောအခါ စိုးရွံ့သွားသည်။ ရထားလုံးက မှန်မှန်ရပ်လိုက်သည်နှင့် သူမ စကတ်ကိုကိုင်မကာ ရထားလုံးပေါ်မှ အမြန်ဆင်းလိုက်သည်။ မထင်မှတ်ပဲ မတ်တပ်ရပ်နေတဲ့ မြင်းက ရှေ့ကို ခဏ ခုန်ထွက်သွားသည်။ ထန်ရှီးရှီးက ရထားလုံး၏အစွန်းတွင်ရပ်နေကာ ရုတ်တရက် သူမ၏ခြေထောက်အောက်သို့ ချော်ကျကာ ရထားလုံးပေါ်မှပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။

အစေခံများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် " ဝမ်ဖေး သတိထား!"

သို့သော်လည်း အိမ်အကူများသည် စကတ်များ ၀တ်ထားရ၍ စိုးရိမ်နေသော်လည်း အလျင်အမြန် မပြေးနိုင်သော အမျိုးသမီးများလည်း ဖြစ်နေကြသည်။ ထိုအချိန်တွင် ကျောက်ဇီရှင်းသည် မြင်းဇက်ကြိုးကို စီစဉ်နေသည်။ သူ့နောက်မှအော်သံကိုကြားလိုက်သောအခါတွင် သူခေါင်းကိုလှည့်လိုက်ပြီး ထန်ရှီးရှီး ပြုတ်ကျခါနီးပုံစံဖြင့် ရထားလုံးအစွန်းတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျောက်ဇီရှင်းက နှလုံးခုန်သံအတူနှင့် ထန်ရှီးရှီး၏ လက်မောင်းကို ဆုပ်ကိုင်ထားရန် မသိစိတ်က ရှေ့သို့ လှမ်းကာ "သတိထားပါ!"

ကျောက်ဇီရှင်းသည် ထန်ရှီးရှီး၏ လက်မောင်းကို ကိုင်လိုက်ပြီးနောက် ၎င်းသည် မသင့်လျော်ကြောင်း သဘောပေါက်သွားသည်။ ထန်ရှီးရှီးက သူ၏အမည်ခံတရားဝင်မိခင်ဖြစ်ပြီး အလွန်နုပျိုလှပဆဲဖြစ်သည်။ ငယ်ရွယ်တဲ့မိခင်နဲ့ သန်မာတဲ့သားလေးမို့ ရှောင်သင့်သည်။ သို့သော် ထိုအချိန်တွင် သူသည် သရဲတစ္ဆေ၏ စွဲလန်းမှုတစ်ခုလို ဖြစ်နေပြီး သူ့အာရုံများ ပြန်လည်မရရှိမီ ထန်ရှီးရှီးကို ထိန်းထားပေးရန် ရှေ့တိုး လာခဲ့သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now