အပိုင်း ၁ ( U&Z )

2.1K 30 2
                                    

[ Unicode ]

'' ကကြိုး! အခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ ''

'' ဟင့်အင်း! ကကြိုး မလိုက်ဘူး ကကြိုး
ကိုကြီးနဲ့ပဲနေမှာ ကကြိုး မလိုက်ဘူး!!! "

'' ကကြိုး ငါစိတ်တိုနေတာနော် အခုလိုက်ခဲ့ ''

'' ကကြိုး မလိုက်ဘူး! လွှတ်! ကကြိုးကို လွှတ်! ကကြိုး မလိုက်ဘူး! !!! "

'' ခွေးထက်မိုက်တဲ့သမီး! ''

ဖြန်း! .....

'' ဒီနေ့က စပြီး နင်ကငါ့သမီးမဟုတ်တော့ဘူး ''

'' ကိုမောင်! ''

'' မင်းဝင်မပါနဲ့! နင့်မျက်နှာကို ငါမကြည့်ချင်ဘူး ငါတို့သေရင်တောင်နင်မလာနဲ့ ''

'' ဒယ်ဒီ! ''

'' မခေါ်နဲ့ ငါနင့်အဖေမဟုတ်ဘူး ''

'' သမီး! ''

'' လာ ပြန်မယ် မင်းလဲသူနဲ့ ပက်သက်စရာအကြောင်းမရှိဘူး ''

ဒယ်ဒီက မာမီလက်ကို ဆွဲပြီးကားပေါ်တက်သွားသည် ။ ကားထွက်သွားတဲ့အထိ ဒယ်ဒီ ကကြိုးကို လှည့်မကြည့်ပါဘူး ။

တကယ်ကြီး စွန့်လွှတ်လိုက်တာလား ဒယ်ဒီရယ်!

ကကြိုး လည်း ပြန့်ကျဲနေတဲ့ စာအုပ်တွေကို လွယ်အိတ်ထဲကောက်ထည့်ပြီး ပြန်လာခဲ့တယ် လမ်းတစ်လျှောက်အတွေးတွေကတော့ အတိတ်တစ်နေရာဆီရောက်လို့....... ။

'' ဒယ်ဒီ မတရားဘူး ကကြိုး သွားချင်တယ်လို့ ''

'' မရဘူး ဆို မရဘူးပဲ ကကြိုး ကျောင်းသားက ကျောင်းစာပဲ လုပ်ရမယ် ဘာမဟုတ်တာတွေအတွက် အချိန်ဖြုန်းမနေနဲ့ အခုသွား အပေါ်တက် ''

'' ကကြိုး မသွားရရင် ပြန်မလာဘူး ''

'' ကကြိုး! အခုချက်ချင်းရပ်လိုက်စမ်း ငါပြောနေတယ်နော် ကကြိုး! ''

ကကြိုး တကယ်ကို စိတ်တိုတယ် ကျောင်းလေ့လာရေးခရီးသွားရမှာပါဆိုမှ မသွားရဘူးတဲ့ တစ်တန်းလုံးသွားမှာကို ကကြိုးက မလိုက်ပဲ နေရမှာလား အမြဲတမ်း စာ စာ စာ တစ်ချိန်လောက်ပဲ ဖြစ်ဖြစ် လွတ်လပ်ခွင့်လေးပေးပါလား ။ အမြဲတမ်းကျောင်းစာထဲမှာ ခေါင်းစိုက်နေတာ ဒါတော့ မဟုတ်သလိုဘဲ ။

ကကြိုး { Complete }Where stories live. Discover now