အပိုင်း ၃၀ ( U&Z )

349 9 0
                                    

[ Unicode ]


🎶🎶 ...... မနက်ခင်းပွင့်တဲ့ ပန်းလေးထက်ကို ပိုမွှေးတာ... 

ချစ်သမီးလေးရဲ့ ပါးနုနုကလေးတွေမှာ...

ငှက်ကလေးများရဲ့ တေးချင်းထက်ကိုချိုမြတာ...

ချစ်သမီးလေးရဲ့ စကားလေးများကြားစဥ်အခါ...

ကမ္ဘာကြီးထဲ ဘယ်သူ ဘယ်အရာမှ အနှိုင်းမရရင်ထဲက ရတနာတစ်ပါး အား.....ဟာ

အို... အနက်ရှိုင်းဆုံး အချစ်မေတ္တာတရား.....

သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ....

ရင်မှာ စိမ့်စမ်းရေလား... စီးဆင်းနေ ဒီမေတ္တာ... ထာဝရသမီးလေး အတွက်ပါ....

အလှဆုံးအပြုံးလေးများ နူးညံ့တဲ့နှုတ်ခမ်းပေါ်မှာ ချစ်သမီးလေး အမြဲတမ်းသိမ်းပိုက်ခွင့်ရစေသား....

ဘာမဆိုရင်ဆိုင်ကာ တိုက်ခိုက်ဖို့အသင့်အနေအထား....

ပျော်ရွှင်ပါစေတစ်သက်လုံး သမီးလေးရဲ့ကမ္ဘာ

အို သမီးအတွက်အရာရာခံယူရဲခဲ့ပြီ

ကိုယ့်နှလုံးသား ရတနာတစ်ပါး.... အား.... ဟာ

အို... အနက်ရှိုင်းဆုံး အချစ်မေတ္တာတရား....

သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ....

ကြည်လင် စိမ့်စမ်းရေလား စီးဆင်းနေ ဒီမေတ္တာ.....

ထာဝရ သမီးလေး အတွက်ပါ....... 🎶🎶🎶

ကကြိုး King ပေါက်လေးကို ကျောင်းပို့ပေးပြီး အိမ်ပြန်လာတော့ ဧည့်ခန်းထဲမှာ ယောလေးကိုချီပြီး ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့သူ့ကို တွေ့လိုက်ရသည် ။ ယောကို သီချင်းဆိုပြီးချော့သိပ်နေသည် ။ မြင်ကွန်းလေးက အရမ်းလှပလို့ ကကြိုး မျက်လုံးထဲမှာ ဓာတ်ပုံရိုက်ပြီး နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ သိမ်းဆည်းထားလိုက်သည် ။ ထို့နောက် အပေါ်ထပ်က ကကြိုးအခန်းဆီကိုသာ လျှောက်သွားလိုက်သည် ။ မသွားခင် မီးဖိုချောင်ထဲချောင်းကြည့်လိုက်တော့ ဘယ်သူမှမတွေ့ ။ ကြည့်ရတာ မမကေသွယ်စျေးသွားတာဖြစ်နိုင်သည် ။

အဲ့ဒါမှဒုက္ခ! အခန်းထဲရောက်လို့ အင်္ကျီလဲပြီးကာမှ ရေကဆာလာသည် ။ အောက်ပြန်ဆင်းရဦးမည် ။
ကကြိုးပဲ ကံကောင်းသလားမပြောတတ် ။ သူက ကကြိုးရှေ့လေးတင် သူ့အခန်းထဲဝင်သွားသည် ။ ထို့ကြောင့် ကကြိုးလည်း အောက်အမြန်ဆင်းလာခဲ့သည် ။

ကကြိုး { Complete }Where stories live. Discover now