အပိုင်း ၂၂ ( U&Z )

313 13 0
                                    

[ Unicode ]




အချိန်တွေသာ တရွေ့ရွေ့ကုန်လွန်လာသည် ။ သူမချစ်ရသူကတော့ အခုထိ ပြန်မလာသေး ။
မျှော်လင့်ချက်မရှိပေမယ့် မျှော်လင့်နေမိသည်။
သူများပြန်လာလေမလားဆိုတဲ့ စိတ်နဲ့ ။
သို့သော် သတင်းတောင်မကြားရလေအောင် ဘယ်တွေများရောက်နေတာလဲ ။
ဒါဟာ ကလဲ့စားချေနည်းတစ်မျိုးလား ။
ချစ်မိလာအောင်လုပ်ပြီးမှ မင်းကို မုန်းတယ်လို့ပြောသည် ။ ငါချစ်တာ မင်းမဟုတ်ဘူးလို့ပြောသည် ။ ခံစားစေချင်တဲ့စိတ်တစ်ခုကြောင့် တမင်တကာ တခြားသူကို သူမရှေ့မှာ သဲသဲလှုပ်ချစ်ပြသည် ။ အခုလည်း အဝေးဆုံးထွက်သွားပါလား ။
ဤကလဲ့စားက အတော်ကိုထိရောက်ပါသည် ။
ရာဇဝင်တွင်နိုင်ပါသည် ။
သို့သော် အတ္တကြောင့် အမှောင်မဖုံးပါစေနဲ့ ။
ချစ်ရသူရေ ရှင်ပြန်လာမှာကို ကျွန်မစောင့်နေပါတယ် ။
ရှင်အရမ်းမုန်းတဲ့ကျွန်မက ရှင့်ကိုအရမ်းချစ်တယ် ။ ရှင်ရွံရှာမုန်းတီးနေတဲ့ကျွန်မက ရှင့်ကို မိုးမမြင်လေမမြင်ချစ်မိနေတယ် ။
ကျွန်မ အချစ်က ရှင့်ဆီမှာ အမြဲရှိနေတာကြောင့် ရှင်လုံခြုံမှာပါ ။
ကျွန်မ အချစ်ကရှင့်ကိုကာကွယ်ပေးနေမှာ ။
ကျွန်မသိတဲ့အချစ်က ရှင်ပျော်ဖို့တစ်ခုတည်းအတွက်ပါ ။
ရှင်ပျော်ရွှင်ဖို့ အသက်တင်မဟုတ်ဘူး အခု မိဘနှစ်ပါးကိုပါ စွန့်ပစ်ခဲ့တဲ့ကျွန်မ နောက်ထပ် ဘာတွေကို စွန့်ပစ်ရဦးမှာလဲ ။
ချစ်ရသူ တစ်ချိန်မှာ ကျွန်မကို သတိရနေပေးရင် ကျေနပ်ပါတယ် ။
ရှင့်အတွက် ကျွန်မက အမြဲရှိနေမှာပါ ။
ရှင့်ဘေးနားမှာ ကျွန်မခန္ဓာမရှိရင်တောင် ကျွန်မ အချစ်တွေရှိနေမှာပါ ။
သို့ပေမယ့် ကျွန်မဆီမှာတော့ ရှင့်ကိုယ်သင်းနံ့တွေ အမြဲရှိနေတယ် ။
ချစ်တယ် ။
အရမ်းချစ်တယ် ။
ကဗျာတွေ မစပ်တတ်ပေမယ့် ချစ်နေတာကိုတော့ ရှင်သိတယ်မလား ။
သိနေလို့ကို အသုံးချနေတာ ။
ကျွန်မ ရူးမိုက်ခဲ့တာ တစ်ခါတည်းပါ ဒါပေမယ့် ဆက်ပြီးရူးမိုက်ဖို့ ရှင်ပြောခဲ့တာ ။
ရှင် လုပ်ခဲ့တာ ။
အဆုံးထိ ရူးမိုက်ချင်အောင် လုပ်နေတာ ။
ရှင့်ရဲ့ ချိုသာတဲ့ နှုတ်ခမ်းက ထွက်လာသမျှစကားတိုင်းက ကျွန်မကို ရူးစေတယ် ။
သေလောက်အောင်ရူးနိုင်တယ် ။
ရှင် ချစ်တယ်လို့ပြောခဲ့တုန်းကလည်းရူးတယ်။
မုန်းတယ်လို့ ပြောပြန်တော့လည်း ရူးနေပြန်တယ် ။
ဘာလို့ ရူးအောင်လုပ်နေရတာလဲ ။
ရူးတာချင်းမတူပေမယ့် ရူးနေတဲ့လူက ကျွန်မပါ ။
ရှင့် ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်လို့ ပြန်လာခဲ့ပါ ။
ရှင်လိုချင်တဲ့ အောင်မြင်မှုတစ်ခုရအောင် ဖန်ဆင်းပေးမှာမို့ ပြန်လာခဲ့ပါ ။

ကကြိုး { Complete }Where stories live. Discover now