အပိုင်း ၃၈ ( U&Z )

343 9 0
                                    

[ Unicode ]

တိမ်မင်းယံဆိုသော ကောင်လေးသည် ဆေးကျောင်း၌အတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်သည် ။ ​ရန်ဖြစ်သည့်နေရာမှာ ဆရာတစ်ဆူလိုဖြစ်နေပေမယ့် မည်သူမျှမပြော။ သူသည်လည်း မြန်မာနိုင်ငံ၏ အချမ်းသာဆုံးသူဌေးစာရင်းဝင် ကောင်လေးတစ်ယောက် ။ မိဘထားရစ်ခဲ့တဲ့အမွေတွေမနည်းမနော ။ ကုမ္ပဏီ တွေအများအပြားရှိသော်လည်း ။ လှည့်ပင်မကြည့် ။ မိဘလက်ထက်ကတည်းက ယုံကြည်စိတ်ချရတဲ့ အတွင်းရေးမှူးဖြစ်သူက အုပ်ချုပ်သည် ။ ထိုလူကြီးကပဲ သူ့ကို သားအရင်းတစ်ယောက်လိုစောင့်ရှောက်သည် ။ တိမ်မင်းယံသည် လိမ္မာပါသည် ။ သို့သော် တစ်ခုဘဲ ဆုံးဖြတ်ချက်ချပြီးရင် ပြန်မပြင်တတ်ဘူး ။ မှားနေရင်တောင် လမ်းမှားအတိုင်းဆက်လျှောက်မည့်လူ ။ နိုင်ငံခြားတွင် ကျောင်းဆက်တက်ဖို့ Scholarship ရခဲ့သည် ။ သို့သော် သူ,မယူ ။
သူ့အတွက်က ပါရဂူဘွဲ့ရမှဖြစ်မည်ဟူ၍မရှိ ။ ထိုအတိုင်း လူနာတွေကို ဆေးကုနေရရုံနဲ့တင်ပျော်ပါသည် ။ ဒုတိယနေရာဖြစ်တဲ့ မြတ်ကေသွယ်မွန်ကို ထိုဆုပေးခဲ့သည် ။ သူမ အမေမဆုံးခင်က ပြောသွားသည့် စကားအတိုင်း သူသေချာစောင့်ရှောက်ပါမည် ။  ထို့ကြောင့် စင်္ကာပူ ကိုသူမ,နဲ့အတူ ကောင်မလေးတစ်ယောက်ထည့်ပေးပြီး စောင့်ရှောက်စေသည် ။ ကုန်ကျစာရိတ်တွေကို သူပဲတာဝန်ယူသည် ။

'' ဟဲ့! မင်းယံ နင်ကဘာတွေတွေးနေတာလဲ ''

ကေသွယ်, တိမ်မင်းယံကိုခေါ်လိုက်သည် ။
ကျောင်းပိတ်ရက်, ရက်ရှည်လေးရတာကြောင့် မြန်မာပြည်ပြန်လာခဲ့သည် ။ အမှန်တော့ ချစ်ရသူမျက်နှာကို မြင်ဖူးချင်ယုံသက်သက် ။

မင်းယံတွေးနေသည့် အကြောင်းမှာ တခြားမဟုတ် ကျော်နန္ဒ ဆိုသည့်ကောင်အကြောင်းပင် ။ ထိုကောင်က မင်းယံနဲ့ရန်ဘက် ။ ရန်ဖြစ်ခဲ့သမျှတွေထဲမှာ သူနဲ့က အများဆုံး ။ ဒီကောင်က ကေသွယ့်ကို ကြိုက်နေတာတဲ့ ။ ဒီကိစ္စက သူနဲ့မဆိုင် ။ သို့သော် ကျော်နန္ဒ ကရည်းစားများသည် ။ အပျော်တွဲတာ ။ sex ကိစ္စလည်းမလွတ်ကင်း ။ သူ့မှာ ကေသွယ့်ကို စောင့်ရှောက်မည်ဟူ၍ ကတိပေးခဲ့သည်မလား။ မဖြစ်သင့်တာမဖြစ်ရလေအောင် ကြိုတင်တားဆီးရမည် ။ ထိုနည်းကလဲ တစ်နည်းသာရှိသည် ။ ကျော်နန္ဒ အကြောင်း သူသာအသိဆုံး ။ ထို့အတွက်ကြောင့် ထိုနည်းကိုသာ အသုံးချရမည် ။ ယုံကြည်ချက်ခိုင်မာစွာဖြင့် ကေသွယ့်မျက်နှာကို ကြည့်လိုက်သည် ။

ကကြိုး { Complete }Where stories live. Discover now