အပိုင်း ၁၄ ( U&Z )

316 11 0
                                    

[ Unicode ]




'' ကကြိုး ကိုယ်......... ကိုယ် က​ကြိုးကို ချစ်တယ် ''

'' ရှင်! ''

ကကြိုး ဘာပြန်ပြောရမယ်မသိ ။ လင်းလက်နဲ့ ခင်တာကြာပေမယ့် သူ ကကြိုးအပေါ်မှာ ခံစားချက်တွေရှိနေတာကို မသိ ။

ကကြိုး လင်းလက် ခံစားချက်ကို နားလည်ပါသည် ။

ကကြိုး ပြုံးပြလိုက်သည် ။
သူက ကကြိုးကို လေးလေးနက်နက် ကြည့်နေသည် ။

'' လင်းလက်! ငါနင့်ခံစားချက်ကို နားလည်ပါတယ် ။ တစ်ဖက်သတ် အချစ်ဆိုတဲ့ အရာက ပင်ပမ်းလွန်းလှတယ် ။ နင်လည်း တစ်နေ့တော့ ငါ့ထက်သာတဲ့ လူတစ်ယောက်နဲ့ ဆုံမှာပါ ။ နင်မကြည့်တတ်လို့နော် အဲ့ဒီလူက နင့်အနားလေးမှာပဲရှိတယ် ။

ငါက နင့်ကို ငါ့လိုခံစားရမှာစိုးလို့ ပြောတာပါ ။
အခုနောက်မကျသေးဘူး လွှတ်ချလိုက်တော့ ။ မဖြစ်နိုင်မှန်းသိတဲ့ အရာတစ်ခုကို ဘာလို့ရင်ကွဲခံပြီး ဆက်လုပ်နေမှာလဲ ''

'' မင်းကရော ''

ကကြိုး တစ်ချက်ပြုံးလိုက်သည် ။

'' နောက်ကျသွားပြီ ။ လွှတ်ချလို့မရတော့လို့ အဆုံးထိ ဆက်လုပ်နေရတာ ။ နင်က လွှတ်ချလို့ရသေးတယ် ။ ငါ့လို မရူးမိုက်ချင်စမ်းပါနဲ့ဟာ.. နော်! ။ ငါ့သူငယ်ချင်းတွေကို ငါ့လိုမခံစားစေချင်ဘူး ''

တကယ်ပါ ။ ဒီစကားကို ကကြိုး အတည်ပြောတာပါ ။ ကကြိုးခံစားရသလို ကကြိုး သူငယ်ချင်းတွေကို ကကြိုး မခံစားစေချင်ဘူး။

'' ဒါပေမယ့် ကိုယ်မင်းကို ချစ်တယ်လေ ''

'' အချိန်တစ်ခုကြာသွားရင် နင်မေ့သွားမှာပါ ''

'' မမေ့ဘူး ။ ကိုယ်လုံးဝမေ့မှာမဟုတ်ဘူး ကကြိုး မင်းကို သဘောကျခဲ့တာကြာပြီ ကိုယ့်အတွက် အခွင့်အရေးက တကယ်ပဲ မရှိတော့တာလား ''

'' နင့်မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်ဟာ.... ။ နင့်ကို တကယ်ချစ်တဲ့ သူနဲ့ တွေ့ဖို့ အခွင့်အရေးလေ ။ အဲ့ကျရင်သာ လက်လွှတ်ဆုံးရှုံးမခံနဲ့... ။ ငါပြောတာနားလည်လား ။ နင့်လက်တစ်ကမ်းမှာပဲ ရှိတဲ့ လူကိုကြည့်စမ်းပါဟာ.... ။ အတွေးတွေများမနေနဲ့ ။ နင်တကယ်ချစ်တဲ့ လူက နင့်ရင်ထဲမှာရှိပြီးသားပဲ လင်းလက် ။ နင်မြင်အောင်ကြည့်.... ။ နင့်ရင်ထဲကို ဝင်ကြည့်လိုက်ဦး ။ ဘယ်သူရှိနေလဲဆိုတာ ''

ကကြိုး { Complete }Where stories live. Discover now