အပိုင်း ၈ ( U&Z )

344 14 0
                                    


[ Unicode ]

'' ကိုကြီး! ''

ကကြိုးက ကိုကြီး ပေါင်ပေါ် ခေါင်းတင်ထားပြီး TV ကြည့်နေရင်းက ခေါ်လိုက်တော့ ကိုကြီးက ငုံ့ကြည့်လာသည် ။

အရင်တစ်ခါ ကိုကြီးက ကကြိုးကို ချစ်တယ် ပြောပြီးကတည်းက ကကြိုး အဖြေပြန်ပေးလိုက်သည် ။ ကကြိုး တခြားမိန်းကလေးတွေလို မူမနေချင် ။ ကကြိုးဘက်ကလည်းချစ်နေတာကြောင့် အဖြေပြန်ပေးလိုက်ခြင်း ။

'' ချစ်လား ''

ကိုကြီးက ဘာမှမပြောဘဲ ခေါင်းငုံ့လာတာကြောင့် ရင်ခုန်သံဟာ ဗြောင်းဆန်နေသည် ။

ကကြိုး နဖူးလေးကို နမ်းပြီး ဆံစတစ်ချို့ကို
နားရွက်နောက် ပို့ပေးသည် ။

'' ချစ်တယ် အဲ့ဒါကြောင့် ထပ်မမေးနဲ့ ''

မရယ်မိအောင် အောက်နှုတ်ခမ်းကို ကိုက်ထားတဲ့ ကြားထဲက ရယ်လိုက်မိသည် ။

                   FEBRUARY 
                           14
                         2016

ကကြိုးနဲ့ ကိုကြီးနဲ့ ချစ်သူဖြစ်တဲ့နေ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကကြိုး ကျောင်းသွားတော့
ကိုကြီးလိုက်ပို့ပေးသည် ။ အရင်ကလည်း လိုက်ပို့ပေးနေကြဆိုပေမယ့် အခုက ကျောင်းအပြန်ပါ လာခေါ်သည် ။ တစ်ခါတစ်လေ ဆိုရင် ကိုကြီးနဲ့ လျှောက်လည်ဖြစ်သည် ။

'' ကကြိုး ''

'' ဟင် ''

ယွန်းခေါ်လို့ ကကြိုး အအေးသောက်နေရင်းထူးလိုက်သည် ။ ကကြိုး တို့က အခု
အအေးဆိုင်မှာလေ ။ လင်းလက်ကတော့ ထုံးစံအတိုင်း ညကသောက်တာများသွားလို့တဲ့
ကျောင်းမလာဘူး ။ တစ်ခါတစ်လေ
ကကြိုး လင်းလက်အတွက် စိတ်ပူမိသည် ။
ဒီလိုပုံနဲ့ ဘယ်လိုများ ဆရာဝန် လုပ်မလဲမသိဘူး ။ သူတို့ အနာဂတ်အတွက် ရင်လေးပါဘိ ။

'' ဒီနေ့ ကကြိုး ကိုကြီး လာကြိုမှာလား ''

ကကြိုး မသိ ။ ကိုကြီးက တစ်ခါတစ်လေ အလုပ်များရင် လာမကြိုဘူးလေ ။

'' ကကြိုး မသိဘူး ''

'' ကကြိုးကတော့လေ
ယွန်းနဲ့များကွာပါ့ ''

ကကြိုး { Complete }Where stories live. Discover now