အပိုင်း ၉ ( U&Z )

322 13 0
                                    

[ Unicode ]

လင်းလက်တို့ shopping ထွက်ဖို့ခေါ်လို့
လိုက်လာမိသောကကြိုး ။

တစ်ယောက်လက်တစ်ယောက်ချိတ်ပြီး
ပစ္စည်းတွေလိုက်ကြည့်နေကြသော
ကိုကြီးနဲ့ မမကေသွယ် ။

ကိုကြီးတို့က အရှေ့ကနေသွားတာမို့လို့
ကကြိုးတို့ကိုမမြင် ။
လင်းလက်နဲ့ယွန်းကလည်း
ပစ္စည်းရွေးနေတာမို့လို့ မမြင်လိုက် ။

မျှော်လင့်ချက်မရှိတော့ဘူးလား!

အဲ့လောက်ထိ မရက်စက်သင့်ဘူး!

ကွဲကြေဖို့တောင် နှလုံးသားကမရှိတော့ဘူး!
ကိုကြီး ဆီအပိုင်ပေးထားတာမို့လို့.....
အစကတည်းက မလိုချင်ဘဲ
ပစ်ချခဲ့တဲ့ နှလုံးသားလေးကို
ဘယ်သူ့ဆီကသွားတောင်းရမှာလဲ
ကိုကြီးရယ်.......

မချစ်ပဲနဲ့ ချစ်တယ်ပြောခဲ့တာတောင်
ယုံကြည်နေတဲ့ ကိုယ့်ကိုကိုယ်
တောင်ရှက်မိပါသည် ။

ခေတ်စကားအရ ကကြိုးက စနိုက်ကျော်မပဲ ။
အဲ့လိုဖြစ်ရရင်တောင်
ကကြိုး ကိုကြီးကို မရ ရအောင် လုယူမှာ ။
ဒါတော့ ကကြိုးကို
အတ္တကြီးခွင့်ပေးပါ ကိုကြီးရယ် ။
တစ်ခါလောက်ပဲ အတ္တကြီးချင်လို့ပါ ။

'' ကကြိုး ''

'' ဟင် ''

'' ဘာတွေတွေးနေတာလဲ
ခေါ်နေတာ ၄ခါလောက်ရှိပြီ ''

'' အင်း! ဒါလေးကလှတယ်လို့တွေးနေတာ ''

ကကြိုးလည်း ရှေ့က ပိုက်ဆံအိတ်လေးကိုသာ လက်ညှိုးထိုးပြလိုက်သည် ။
အမှန်ဆို ကကြိုး အဲ့ပိုက်ဆံအိတ်လေးကို
အခုမှ မြင်တာပါ ။

'' ကကြိုး ယူမှာလား ''

'' အင်း ''

ပိုက်ဆံအိတ်လေးပိုယူလိုက်ပြီး
ငွေရှင်းဖို့ ကောင်တာသွားလိုက်သည် ။

ဖြစ်ချင်တော့ ကိုကြီးက ငွေရှင်းနေတာ ။
ကကြိုးလည်း လှည့်ပြန်ခဲ့သည် ။

'' ကကြိုး ဘာဖြစ်လို့လဲ
မယူတော့ဘူးလား ''

'' အင်း! အကျည်းတန်နေလို့ ''

'' ဖြစ်ရလေ ဒီလောက်လှတာကို ''

'' လာပါ ယွန်းရယ် လျှောက်ကြည့်ရအောင်လေ ။
သူ့ထက်လှတာတွေ့မှာပေါ့ ''

ကကြိုး { Complete }Where stories live. Discover now