အပိုင်း ၂၈ ( U&Z )

318 12 0
                                    

[ Unicode ]



'' က​ကြိုး! !!! "

ဧည့်ခန်းထဲမှာ ထိုင်နေတဲ့  ကကြိုး လန့်သွားရသည် ။ အကြောင်းမှာ တခြားမဟုတ် ။ ယွန်းတို့အိမ်လာသွားသည်ဟူ၍ သူတို့ပေးခဲ့တဲ့ လိပ်စာအတိုင်းလာလိုက်တော့ အမတော်တို့က ကျောင်းတက်နေသည်လေ ။ က​ကြိုးလည်း နောက်နေ့မှပဲလာတော့မယ်ဆိုတာကို အိမ်အကူတစ်ယောက်က ယွန်းကို ကကြိုးရောက်နေကြောင်းဖုန်းဆက်ပြောလိုက်တော့ ။ အမတော်က သူမလာမချင်းစောင့်နေ ဆို၍ ​စောင့်နေရခြင်း ။ အခုလည်း လူက အိမ်ထဲမရောက်သေး အသံက အရင်လာသည် ။

'' နင်! နင်ဟာ လုပ်ရက်လိုက်တာ ငါကနင့်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးပါ ။ ဒါကိုတောင် နင်က နင်ခံစားနေရတာတွေကို ငါ့ကိုတစ်ခွန်းမပြောဘူး ။ နောက်ပြီး နင်အဲ့အိမ်မှာ မနေနဲ့ ။ အလကား မင်းသားခေါင်ဆောင်းထားတဲ့ ဘီလူးကြီး ။ အစကတော့ သူပဲ ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ ။ baby ဆိုတာ ပါးစပ်ကမချတဲ့ နင့်ကိုကြီးက အခုတော့လား ဟမ့်! ငါ့မှာတော့ အဟုတ်မှတ်ပြီး ငါ့သူငယ်ချင်း နုနုထွတ်ထွတ်ကလေးကို ရှင်ဘုရင်ဆီဆက်သလိုက်တာ ။ အခုမှ ဘီလူးမှန်းသိတော့တယ် ။ တော်ပြီ! နင့်အတွက် သူ့ထက်သာတဲ့ ကောင်လေးငါရှာပေးထားတယ် ။ ဘာ ကိုကြီးလဲ Daddy Type တွေမှ တစ်ပုံကြီး နင့်ရုပ်နဲ့ ခေါင်းခေါက်ရွေးစရာတောင်မလိုဘူး ။ အကုန်လုံး စစ်ခင်းယူလိမ့်မယ် ။ တတိယ ကမ္ဘာစစ် ဖြစ်သွားမှာစိုးလို့ ။ ကြည့်ပါလား ငါ့သူငယ်ချင်းလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲ ။ တရုပ်မင်းသားတွေ ၊ ကိုရီးယား မင်းသားတွေတောင် ခေါင်းခေါက်ရွေးလို့ရတယ် ။ ကြိုက်တဲ့ တစ်ယောက်ရွေးလိုက် ငါလိုက်တောင်းပေးမယ် ။ ရေမီးအစုံနဲ့ လေထီးခုန်ဖို့သာပြင်ထား ။ ဒင်းထက်သာတဲ့လူတွေမှ တစ်ပုံကြီးပါအေ ။ ဘာမှခံစားမနေနဲ့ ။ ငါတစ်ယောက်လုံးရှိတယ် ။ တိမ်မင်းယံ ဆိုတဲ့ကောင် နောင်တရအောင် ငါလုပ်ပြမယ် ။ ကြည့်နေ ။ အရင်တုန်းကတော့ နတ်သားလေးများ လူပြည်ဆင်းလာတာလားပေါ့ ။ အခုတော့ ရုပ်မြင် ပါးရိုက်ချင်တယ် ။ ဒါကိုတောင် နင်ကမပြတ်နိုင်သေးဘူးလား ။ ဟမ်! ဟိုက မိန်းမရလို့ ကလေးတောင်ရနေပြီ ။ ​ကကြိုး! ငါစိတ်တိုတယ်ဟာ ။ အဲ့အိမ်မှာမနေနဲ့ ။ နင်နဲ့ မကြိုက်ခင်ကတည်းက ငါသေချာစုံစမ်းလိုက်ရမှာ ။ အခုတော့ဟာ ။ ကျစ်! ငါမှားတာ ။ အကုန်ငါ့အမှား ။ အခုတော့ ငါ့သူငယ်ချင်းလေး ခံစားနေရပြီ ''

ကကြိုး { Complete }Donde viven las historias. Descúbrelo ahora