အပိုင်း ၁၈ ( U&Z )

337 12 0
                                    


[ Unicode ]

'' ကကြိုး နင် နည်းနည်းပိန်သွားသလိုပဲ ''

လင်းလက်နဲ့ယွန်း မင်္ဂလာဆောင်ဖိတ်စာလာပို့ခြင်း ။
ရွှေရောင် တလက်လက်တောက်ပနေတဲ့ ဖိတ်စာလေးကို ကြည့်ပြီး ကကြိုး သူတို့နှစ်ယောက်အတွက် ဝမ်းသာရပါသည် ။

'' ဪ! တစ်ပတ်လောက်ဖျားနေပါတယ်ဆို ။ ဘယ်ကလာပြီး ဝ နေရမှာလဲ ''

'' ဟီးဟီး အဲ့ဒါလည်း ဟုတ်သားပဲနော် ''

ယွန်းကသာ ရောက်ကတည်းက ပေါက်ပေါက်ဖောက်နေတာ ။ လင်းလက်ကတော့ ဘာတစ်ခွန်းမှ ဝင်မပြော ။

'' ဟဲ့! လင်းလက် နင်ငါ့သူငယ်ချင်းလေးကို ကောင်းကောင်းဆက်ဆံနော် ''

'' ကကြိုးရာ မင်းမသိပဲပြောပြန်ပြီ ''

ကကြိုး ရယ်လိုက်မိသည် ။ ဘေးနားက ဒေါ်ယွန်းနဒီခိုင်ကတော့ ခေါင်းငုံ့သွားရှာသည် ။
သူ့အကြောင်းသူသိသည်လေ ။
ကားတင်ပြေးတာ ယွန်းမလား ။

'' ငါသိပြီးပါပြီဟ!  ''

'' ဟီးဟီး ''

'' မရယ်နဲ့!  ''

'' ကိုကိုကလည်း ''

'' တော်စမ်းပါ ယွန်းနဒီခိုင် ရာ ငါ့အနားမလာပါနဲ့ ''

သူတို့နှစ်ယောက်ရန်ဖြစ်နေတာကြည့်ပြီး ကကြိုးလည်း တစ်စုံတစ်ယောက်ကို သတိရမိသည် ။

'' လင်းလက် နင်နော် ငါ့သူငယ်ချင်းကို စိတ်ဆင်းရဲအောင် လုပ်ရင် နင့်ကို ငါကိုယ်တိုင်လာသတ်မှာ ယွန်း! သူယွန်းကို အနိုင်ကျင့်ရင် ကကြိုးကို ပြောနော် ''

'' စိတ်ချ! စိတ်ချ! သူငါ့ကို အနိုင်မကျင့်စေရပါဘူးဟ! ငါဘယ်သူလည်း ယွန်းနဒီခိုင် လေ ''

စကားလည်းဆုံး နာရင်းလည်းအုတ်ခံလိုက်ရသည် ။ ဘယ်သူရှိရမည်နည်း ။ ယွန်းနဒီခိုင် ရဲ့ ချစ်ခင်ပွန်းလောင်းလေး လင်းလက် ပေါ့ ။

'' ဟယ်! ပြောနေရက်နဲ့ ''

'' ဟုတ်တယ်! ဟုတ်တယ်! ကကြိုး ပြောနေတယ်လေ နင်ငါ့ကို အနိုင်မကျင့်နဲ့ ''

လက်ညှိုးလေး တစ်ထိုးထိုးနဲ့ ပြောနေတဲ့ ယွန်းကြောင့် လင်းလက်ရော ကကြိုးရော ပြုံးလိုက်မိသည် ။

ကကြိုး { Complete }Where stories live. Discover now