အပိုင်း ၃ ( U&Z )

459 12 0
                                    


[ Unicode ]

ကကြိုး အိမ်ပြန်လာခဲ့သည် ။ ကကြိုး ကိုကြီး အိမ်မှာနေတာ တစ်လတောင်ရှိနေပြီ ။ ကကြိုး ငယ်ငယ်လေးတုန်းက နေခဲ့တဲ့ တစ်ပတ်ထက် အများကြီး ပြောင်းလဲနေပြီ ။ အိမ်ကမပြောင်းလဲပါဘူး ။ ပြောင်းလဲသွားတာက
ကိုကြီး ။ ကိုကြီး အရမ်းပြောင်းလဲသွားသည် ။
အရင်လိုမဟုတ်တော့ဘူး ။

ကကြိုး ရေချိုး အဝတ်စားလဲပြီး စာလုပ်နေလိုက်တသည် ။ က​ကြိုး ကို ဒယ်ဒီက ဆရာဝန်ကြီးဖြစ်စေချင်တာတဲ့ ။ ကကြိုးလည်းဒယ်ဒီ့ဆုံးဖြတ်ချက်အတိုင်း ဆရာဝန်ဖြစ်ဖို့ကြိုးစားခဲ့သည် ။ အခု ကကြိုးက ဆေးကျောင်း ဒုတိယနှစ် ရောက်နေပြီလေ ။ အခု ကကြိုးမှာ သူငယ်ချင်း အသစ်တွေလည်းရှိနေပြီ ။ ကကြိုး သူတို့နဲ့ တွေ့ရင်အရမ်းပျော်သည် ။ သူတို့က ကကြိုးနဲ့ မတူဘူး ။ အရမ်းလွတ်လပ်တယ် ။ လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ လိပ်ပြာလေးတွေ ။ ကကြိုး မျက်လုံးထဲမှာတော့ အရမ်းလှပနေတယ် ။ ကကြိုးလေ သူတို့ကို အရမ်းအားကျတာပဲ ။ သူတို့မှာ ကကြိုးနဲ့ မတူတဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးရှိတယ် ။


လင်းလက် ရဲ့ အဖေနဲ့ အမေက လင်းလက်ကို အရမ်းချစ်တယ် ။ သူတို့က အမေရိကမှာ နေတယ် ။ လင်းလက်နဲ့ video call ပြောတိုင်း တွေ့နေရတယ်လေ ။ ဝေးနေပေမယ့် လင်းလက်ကို ဂရုစိုက်တယ် ။ လင်းလက်ကို
အမေရိက လာဖို့ခေါ်ပေမယ့် လင်းလက်က မသွားတာတဲ့ ။

ယွန်းမှာ အဖေမရှိတော့ဘူး ။ အမေနဲ့နေတယ် ။ ယွန်းအမေက အလုပ်တစ်ဖက်နဲ့ ဆိုပေမယ့် ယွန်း ကိုဂရုစိုက်တယ် ။ ယွန်းအိမ်သွားတိုင်း ကကြိုး မာမီ့ကို လွမ်းတယ် ။

ဘာတွေလုပ်နေလဲမာမီရယ် ။ မာမီ နေကောင်းရဲ့လား ။ နှုတ်မဆက်ခဲ့ရလို့ ကကြိုးတောင်းပန်ပါတယ် ။

ကားသံကြားလို့ ​ကကြိုး အတွေးတို့ကို ခဏရပ်ပြီး ။ အိမ်တံခါးဆင်းဖွင့်ပေးလိုက်သည် ။
ကိုကြီးက ကားပေါ်ကနေဆင်းလာသည် ။ ကကြိုး ငယ်ငယ်လေး တုန်းကလို ကိုကြီး ပြန်လာတိုင်း ပြေးမဖက်တော့ပါဘူး ။

'' ကကြိုး! ကိုကြီး ညစာချက်လိုက်ဦးမယ် ''

ကိုကြီးရဲ့ စိတ်ကို ကကြိုး နားမလည်ဘူး ။ ကိုကြီးက တစ်ခါတစ်လေမှာ ကကြိုးကို ဂရုစိုက်သည် ။ တစ်ခါတစ်လေ ကြရင်လည်း ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်သည် ။ ကကြိုး ဘာမှကိုနားမလည်တော့ဘူး ။

ကကြိုး { Complete }Where stories live. Discover now