အပိုင်း ၁၇ ( U&Z )

331 13 0
                                    

[ Unicode ]



နေ့ရက်များစွာဟာ သူမ အတွက် ငရဲကျနေသလိုပင် ။ သို့သော် အားမလျော့ ။ သူမကြိုးစားသည် ။ ဖြစ်သမျှ အကြောင်း အကောင်းအတိုင်းပဲရှိပါသည် ။ တစ်စုံတစ်ယောက်အတွက် သူမ ပျော်ရွှင်စွာနေထိုင်ရမည် ။ တစ်စုံတစ်ယောက်ကို စောင့်မျှော်ရင်းနှင့်ပေါ့ ။

ဤအကြိမ်ဟာ ဆိုရင်ဖြင့် သူမဘဝ၌ အခက်ခဲ အကြမ်းတမ်းဆုံး အချိန်ပင် ။ ဝမ်းနည်းသည်။ စိတ်ပျက်အားငယ်သည် ။ ဘဝကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်နေရသည် ။ ဘေးနား၌ အဖော်မွန်ဆိုတာမရှိ ။ သူမ တစ်ယောက်တည်း ။

ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ သူမတစ်ယောက်တည်း ။ အခန်းပေါင်းမြောက်များစွာရှိတဲ့ အိမ်ကြီးထဲမှာ သူမတစ်ယောက်တည်း။ သူမ ထိုအိမ်ကြီးကို ထားပြီးဘယ်မှမသွား ။ ထိုအိမ်ကြီးထဲမှာပဲနေသည်။

'' ဟယ်လို! ''

တစ်ဖက်၌စကားသံထွက်မလာ ။

'' ကကြိုး! ''

သူမ နားထောင်နေလိုက်သည် ။

'' ကကြိုး ကိုယ့်မင်္ဂလာဆောင်ကို လာခဲ့ပါ ။ ကိုယ်ဖိတ်ပါတယ် ။ မနက်ဖြန်ကျရင် ကိုယ် ဖိတ်စာလာပို့မယ် ''

ကကြိုး ပြုံးမိပါသည် ။
လင်းလက် မင်္ဂလာဆောင်ပြီ ။ သူ့ကိုတကယ်ချစ်တဲ့ လူကို ရှာတွေ့သွားပြီ ။ ကကြိုး ပျော်ပါသည် ။

'' အွန်း! ယွန်းကိုပါခေါ်ခဲ့နော် ''

ဖုန်းချလိုက်သည် ။
ကကြိုး သူငယ်ချင်းမင်္ဂလာဆောင်တဲ့ ။
ယွန်းကို ဖုန်းဆက်ရမည် ။ ဘယ်လောက်ပျော်နေမည်လဲ မသိ ။

ယွန်းလိုင်းတက်ချိန်နဲ့ဆုံတာကြောင့် video call ခေါ်လိုက်သည် ။

'' ဟီးဟီး ''

'' ရယ်မနေနဲ့! ပြောပါဦး ဘယ်ကနေ ဘယ်လို ဖြစ်သွားတာလဲ ''

'' ဒါကဒီလိုရှိတယ်ဟ ''

သူမလည်း နားထောင်နေလိုက်သည် ။

'' ငါ သူ့ကို ကားတင်ပြေးလိုက်တာ ''

'' ဟင်! ''

ကကြိုး ကိုယ့်နားကိုယ်တောင်မယုံနိုင် ။ ယွန်းက လင်းလက်ကို ကြိုက်တာငိပေမယ့် အခုလောက်ထိလုပ်လိမ့်မယ်လို့တော့ မထင် ။

ကကြိုး { Complete }Where stories live. Discover now