အပိုင်း ၂၄ ( U&Z )

303 8 0
                                    

[ Unicode ]




'' ကကြိုး! ''

'' ရှင်!!!! "

ကကြိုး အောက်ထပ်က မမကေသွယ့် အသံကြားလို့ ဆင်းလာခဲ့သည် ။

'' ထမင်းစားရအောင်လေ မောင်! ယောကို သိပ်လိုက်တော့ ''

ဧည့်ခန်းထဲမှာ ယောလေးကို ချီထားသည့် သူက အခန်းထဲကို ခေါ်သွားသည် ။

'' ဟို ကကြိုး မဆာသေးလို့ မစားတော့ဘူး ''

မမကေသွယ်က ကကြိုးနဖူးလေးကို အဖျားရှိမရှိစမ်းကြည့်သည် ။

'' ကကြိုး တကယ်မဆာသေးလို့ပါ ''

'' ကိုယ့်ကိုကိုယ် ဂရုစိုက် ကကြိုးက နေသိပ်ကောင်းတာမဟုတ်ဘူး ''

'' ဟုတ်! ကကြိုး ဂရုစိုက်ပါတယ် ''

ကကြိုး အပေါ်ထပ်က ကိုယ့်အခန်းထဲမှာ အိပ်နေလိုက်သည် ။ ကကြိုးမှာ လုပ်စရာဘာဆိုဘာမှမရှိ ။ တခါတလေ ယောလေးနဲ့ဆော့သည် ။ King လေးကိုလည်း သူမလွန်းပါသည် ။ King လေးနဲ့ မတွေ့ရတာလည်း တစ်နှစ်နီးပါးလောက်ရှိတော့မည် ။ တစ်နေ့တော့ သေချာပေါက် Kingလေးဆီသူမသွားမည် ။

'' ကေသွယ် "

'' အွန်း! လာလေ ထမင်းစားမယ် ယောလေးအိပ်သွားပြီမလား ''

'' အင်း ဒါနဲ့ ကကြိုးရော ''

'' ဪ! ကကြိုးက မဆာသေးလို့တဲ့ ''

သူလည်း ခေါင်းညိမ့်ပြီး ထမင်းစားလိုက်သည်။

ကေသွယ်ကတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည် ။
ဪ! အချစ်ဆိုတဲ့အရာက အရာရာကို လွှမ်းမိုးထားနိုင်ပါလား ။
ဒီဝင်္ကပါကြီးထဲက မည်သူမှလွတ်မည်မထင် ။
မောင်ရယ် အစကတည်းက မချစ်သင့်မှန်းသိပေမယ့် ကေသွယ်မောင့်ကို ချစ်ခဲ့မိတယ် ။
မောင့် အတ္တမီးတွေ အမြန်ဆုံးငြိမ်းသတ်ပါစေလို့ ကေသွယ် ဆုတောင်းပါတယ် ။
ကေသွယ် ဖန်ဆင်းပေးနိုင်တာဆိုလို့ မောင့်အတွက် ပျော်ရွှင်စရာ မိသားစုလေး တစ်ခုပဲရှိတယ်။ မောင့် သမီးလေးကို ငဲ့ညှာပြီး မောင့် အတ္တတွေကို ခဝါချလိုက်ပါတော့လား မောင်ရယ် ။ ကေသွယ် ရင်လေးလွန်းလို့ပါ ။

'' ကေသွယ်! ''

'' ဟင်! ''

'' မောင် ဝပြီ သမီးလေးဆီသွားတော့မယ် ကေသွယ်ပြီးရင် လိုက်ခဲ့နော် ''

ကကြိုး { Complete }Where stories live. Discover now