အပိုင်း ၂၅ ( U&Z )

329 10 0
                                    

[ Unicode ]




ဆေးရုံကဆင်းတော့ သူပြန်လိုက်ပို့ပေးသည် ။
သူ့ဘက်က စကားတစ်လုံးမှမပြောသလို ကကြိုးလည်း ဘာစကားမှမပြော ။
ကကြိုး ဒီအတိုင်းဆက်နေလို့မရတော့တာသိပါသည် ။ ဒီနွံထဲကမလွတ်မြောက်တာသိပေမယ့် နေကောင်းအောင်တော့နေရမည် ။ ထစ်ခနဲရှိ ငိုတတ်တဲ့အကျင့်ကိုပြင်လို့မရပေမယ့် မငိုမိအောင်ကြိုးစားရမည် ။ အရင်လိုပျော်ရွှင်တဲ့အချိန်က အကြောင်းတွေပဲ အမြဲတွေးမည် ။

ကကြိုးရဲ့ ယခုပုံစံကို ဒယ်ဒီတို့တွေ့သွားလို့မဖြစ် ။ ဒီတစ်ခုကိုတော့ ကကြိုးမလိုက်ရောပေးနိုင်ဘူး ။ ကကြိုးကို သတ်လို့ရတယ် ။ ကကြိုးသေရင်တော့ ဒယ်ဒီတို့ကို သူလွှတ်ပေးမှာပါနော် ။ ကကြိုး မရှင်သန်နိုင်တော့ဘူး ။ အရာတစ်ခုအတွက် စိတ်ချရမဲ့ အနေအထားရောက်ရင်တော့ ကကြိုး ထွက်သွားပေးပါ့မယ် ။
ဒီအတောအတွင်း လေးပဲ ကကြိုး ပျော်အောင်နေမယ် ။ နောက်ပြီး ကကြိုးရဲ့ ဒီပုံစံကြီးနဲ့ အပြင်ထွက်ရင် သေချာပေါက် ဒယ်ဒီတွေ့သွားလိမ့်မယ် ။ King လေးဆီသွားရင်လည်း စိတ်မကောင်းဖြစ်သွားလိမ့်မယ် ။ အွန်း! ကကြိုး အရင်ဖြစ်အောင်ကြိုးစားမယ် ။

အတွေးနဲ့ အတူ ကကြိုး ပြုံးလိုက်သည် ။
နောက်ထပ်နေ့ရက်တိုင်းက လှပနေမှာပါနော် ။
လှပအောင် ကကြိုး ကိုယ့်ဘာသာဖန်တီးမှာ ဖြစ်လို့ အရင်လိုလှပအောင်ပြုံးနိုင်ဖို့ ကြိုးစားရမယ် ။

'' ကကြိုး ဘယ်လိုနေသေးလဲ ''

ကားပေါ်ကတောင် မဆင်းရသေးဘူး မမကေသွယ်က လာမေးသည် ။

ကကြိုး ပြုံးပြပြီး ခေါင်းညိမ့်လိုက်သည် ။

" အွန်း! ကကြိုး သက်သာပါတယ် ''

ထိုနေ့က စပြီး ကကြိုး အရမ်းပြောင်းလဲသွားသည် ။ အစပိုင်းမှာ အပြုံးတုတွေနဲ့ ပျော်ရွှင်အောင် နေပြီးတဲ့နောက်မှာတော့ အရင်ထဲက နာကျင်တဲ့ အပြုံးတွေကို လှပတဲ့အပြုံးတွေအဖြစ် သူမဖန်ဆင်းနိုင်ခဲ့ပြီ ။
သူမ အရင်လိုပြန်လည်လှပလာခဲ့သည် ။
သူမက နေ့ဘက်မှာ ယောလေးနဲ့ဆော့ကစားပြီး တစ်စုံတစ်ယောက်အိမ်ပြန်လာတာနဲ့ အခန်းထဲပဲဝင်နေသည် ။
ဒါကိုလည်း အားလုံး သတိထားမိသည် ။
ကလေးဘဝတုန်းကလို တက်ကြွတဲ့ ကကြိုးလေးပြန်လာခဲ့ပြီ လို့အားလုံးက ထင်နေပေမယ့် သူမခံစားရတာ သူမပဲသိသည် ။

ကကြိုး { Complete }Where stories live. Discover now