အပိုင်း ၂ ( U&Z )

594 15 0
                                    


[ Unicode ]


တစ်ပတ်လောက်နေတော့ ကိုကြီးက ကကြိုးကို အိမ်ပြန်ပို့ပေးသည် ။ ကကြိုး မပြန်ချင်ပါဘူး ။
ဒါပေမယ့် ဒယ်ဒီက သတင်းစာမှာ လူပျောက်ကြော်ငြာ ထည့်လိုက်တယ်လေ ။

အခု ကကြိုး အိမ်ပြန်ရောက်နေပါပြီ ။ ဒယ်ဒီက
ကိုကြီး နာမည်ကို ကြားတာနဲ့ ဆွဲထိုးတော့တာပဲ ။ ကကြိုး ကြောက်တယ် ။ ကကြိုး ဒယ်ဒီ့ ကိုလည်းကြောက်တယ် ။ ကိုကြီး တစ်ခုခု ဖြစ်သွားမှာကိုလည်းကြောက်တယ် ။ ဒယ်ဒီက ကိုကြီးကို တရားဆွဲမယ်တဲ့ ။ ကကြိုး ကြောက်သွားတယ် ။ အဲ့ဒါက ကိုကြီးအမှားမဟုတ်ဘူးဆိုတာ
ကကြိုးရှင်းပြချင်တယ် ။

ဒါပေမယ့် ဒယ်ဒီက ကကြိုးကို စကားပြောခွင့်ပေးမထားဘူး ။ ကိုကြီးက ဘာမှပြန်မပြောပါဘူး ။ ကိုကြီးက ကကြိုး မသိတဲ့ အပြုံးကိုတစ်ခုကို ဖန်ဆင်းလိုက်သည် ။ အဲ့ဒီအပြုံးကို မြင်တာနဲ့ ဒယ်ဒီက အရမ်းဒေါသထွက်သွားပြီး ကကြိုးကို ရိုက်တော့တာပဲ ။ ကိုကြီးကတော့ ပြန်သွားခဲ့ပြီ ။

မာမီ ဝင်ဆွဲတာတောင် ဒယ်ဒီက ကကြိုးကို လွှတ်မပေးပါဘူး။ အဲ့အချိန်ကနေစပြီး ကကြိုး ဘဝက လွတ်လပ်မှုမရှိတော့ဘူး ။ အရင်ကတည်းက အမြဲစာပဲလုပ်နေတာကြောင့် ကကြိုးမှာသူငယ်ချင်းမရှိ။ ကိုကြီးကသာ ကကြိုးရဲ့ ပထမဦးဆုံးသူငယ်ချင်း ၊၊

ကကြိုး မပျော်ဘူး ။ ကကြိုးကလှောင်အိမ်ထဲကငှက်လိုပဲ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်မရှိဘူး ။ အတောင်ပံတွေ အကောင်းကြီးရှိပါလျက်နဲ့ ဖြန့်ကျက်လို့မရဘူး ။

ဒယ်ဒီ့ စိတ်တိုင်းကျနေထိုင်ရသည် ။ ကကြိုး ဘာအမှားလုက်မိလို့လဲ ။ ကကြိုး လုပ်မိတာဆိုလို့ ။ အိမ်ကထွက်ပြေးတာပဲလေ ။ ဒါပေမယ့် ကကြိုး ပြန်လာပါသည် ။ ထင်မှတ်မထားတဲ့ ကိစ္စတစ်ခုကြောင့် ကကြိုး ပြန်မလာနိုင်တာပါ။
ကကြိုး ဘာလုပ်ရမှာလဲ ။ ကကြိုး အရင်လိုတောင် ခြံထဲဆင်းပြီး ထိုင်ခွင့်မရှိဘူး ။ 

.
.
.
.
.
.
.

ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်နေတဲ့ ၁၈ နှစ်အရွယ်ကောင်မလေးတစ်ယောက် ။ သူမလေးရဲ့ အသားအရေက နှင်းလိုဖြူဖွေးနေသည် ။ သူမမှာ ဘုရားကပေးထားတဲ့ တခြားသူတွေနဲ့မတူတဲ့ ကျောလယ်လောက်ရှိတဲ့ ငွေရောင်ဆံပင်ကောက်ကောက်ကလေး တွေရှိသည် ။

ကကြိုး { Complete }Where stories live. Discover now