အပိုင်း ၃၃ ( U&Z )

370 13 0
                                    

[ Unicode ]

'' ယောလေး ပျော်ရဲ့လား ''

သူမဘာပြောပြောယောလေးကတော့ တစ်ခစ်ခစ်ရယ်နေရှာလေသည် ။ ဒီကလေးလေးနဲ့သူမခွဲရတော့မည် ။

သူမ မခွဲချင်ပါ ။ သို့သော် သူမ ခွဲရတော့မည် ။
အို.... ကိစ္စမရှိပါဘူး သားတစ်ယောက်လုံးရှိသေးတယ် ။ သားလည်း မျှော်နေမှာ ။

သူမ ယောလေးကိုတင်းကျပ်နေအောင်ဖက်ထားလိုက်သည် ။ မျက်ဝန်းထဲကနေ မျက်ရည်စတွေဟာ အဆက်မပျက်စီးကျလာသည် ။

အလင်းရောင်တစ်စွန်းတစ်စမှ မရွိတဲ့ အခန်းတစ်ခုထဲဝယ် ပြန့်ကျဲနေတဲ့ ပန်းချီကားချပ်တွေကြား အိပ်ပျော်နေသည့် ကောင်လေးတစ်ယောက် ။ နှလုံးသားရဲ့ စကားသံကိုနားထောင်ချင်ပေမယ့် သူ့မှာထို့အတွက် အခွင့်အရေး တစ်စွန်းတစ်စိမှမရှိ ။ အိမ်မက်တွေကြား ဝင်ရောက်လာတဲ့ ကောင်မလေးရဲ့ ပုံရိပ်လေးတွေကို သူအတော်လေး စွဲလန်းခဲ့ဖူးသည် ။ အရင်ကရော အခုရော ။ နာကျင်ရတယ် ။ ခံစားရတယ် ။ သူ့ကိုယ်သူမုန်းတီးတယ် ။

မချစ်ခဲ့ဘူးလို့ ပြောပေမယ့် အချစ်တွေရှိနေသေးတယ် ။ မုန်းတယ်လို့ အကြိမ်ကြိမ်အခါခါ ပြောနေပေမယ့် အကြည့်မှမလွှဲနိုင်ပဲ ။ မုန်းပစ်လိုက်စမ်းပါ ။ မင်းအချစ်တွေနဲ့ မထိုက်တန်တဲ့ ကောင်မို့လို့ ။ ဘာလို့ကပ်တွယ်နေချင်သေးတာလဲ ။ ဒီကောင်ကို လွှတ်ချလိုက်စမ်းပါ။ မင်းအတွက်ဒဏ်ရာတွေပဲပေးနေတဲ့ကောင်ကို ဘာလို့ချစ်နေရတာလဲကွာ ။ ရွံရှာတယ်လို့ ပြောခဲ့ပေမယ့် တစ်ချိန်က မြတ်မြတ်နိုးနိုး နမ်းရှိုက်ခဲ့ဖူးတဲ့ နှုတ်ခမ်းတစ်စုံကို တောင့်တနေခဲ့မိတယ် ။ နှလုံးသားစကားကို နားမထောင်ပဲ ပြောချင်ရာပြောခဲ့တယ် ။ လုပ်ချင်ရာလုပ်ခဲ့တယ် ။ ဝေးဝေးနေဖို့ ပြောခဲ့ပေမယ့် ငါကိုယ်တိုင်မင်းနောက်ပဲ အရိပ်လိုလိုက်နေမိတယ် ။ တစ်ချို့စကားတွေက မင်းကိုဆုံးရှုံးရမှာကြောက်လို့ ပြောမိခဲ့တာပါ ။ ငါမသိခဲ့ဘူး ငါကိုယ်တိုင်မင်းကို ဒဏ်ရာတွေပေးနေလိမ့်မယ်လို့ ။ ငါလွှတ်ချလိုက်ပါမယ် ။ ဒါ့ကြောင့် မင်းကရှေ့လျှောက်ပျော်ပျော်ရွှင်ရွှင်နေသွား ။

🎶🎶 ..... နာကျင်နေတဲ့ အသည်း.... ဟန်ဆောင်ထားတယ်...

ငါ့ရဲ့အမုန်းတွေ တဖြည်းဖြည်း မျက်ရည်ဖြစ်ပြီ ဘယ်သူတွေဘာပြောမလဲ...

ကကြိုး { Complete }Where stories live. Discover now