အပိုင်း ၂၁ ( U&Z )

339 12 0
                                    

[ Unicode ]



'' မေမေ! ''

ကကြိုး ဒီနေ့ King လေးတို့အိမ်ကို အနက်ကတည်းက ရောက်နေခြင်းပင် ။
မနေ့က သူမပြန်သွားလို့ဆိုပြီး ဂျီကျသေးတယ်တဲ့ ။ ပစ္စည်းတွေလည်း ဖျက်ဆီးထားသေးသည် ။

အခုက သူမရင်ခွင်ထဲမှာ ချွဲနေခြင်း ။
ဤကလေးလေးကို သူမချစ်ရပါသည် ။

'' သား ဘာပြောမလို့လဲ ''

အရည်လဲ့နေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ သူမကိုမော့ကြည့်လာသည် ။

'' မ ပြန် နဲ့ ''

တစ်လုံးချင်းပီအောင်ပြောလိုက်တဲ့ ကလေးလေး ။ သူမ ဝမ်းနည်းရပါသည် ။

'' မေမေ မပြန်လို့ မဖြစ်ဘူးလေ ''

သူမပြောလိုက်တော့ လက်သေးသေးလေးတွေနဲ့ သူမကို တင်းကျပ်စွာ ဖက်တွယ်ထားသည် ။

'' တားလည်း ရိုက်မယ် ''
( သားလည် လိုက်မယ် )

ကကြိုး ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။

'' မေမေ တတားကို မထော်ချင်ရို့လား ''
( မေမေက သားကို မခေါ်ချင်လို့လား )

'' သား အဖေထည့်ရင် လိုက်ခဲ့လေ ''

ထိုအခါ သူမရင်ခွင်ထဲကနေ သူ့အဖေဆီပြေးသွားသည် ။
ရတုက သူမလာမယ်ဆိုတာသိလို့ အလုပ်မသွားပဲ အိမ်မှာနေသည်တဲ့ ။

'' ဖေဖေ တား မေမေနဲ့ ရိုက်ကြွားမယ်နူ ''
( ဖေဖေ သား မေမေနဲ့ လိုက်သွားမယ်နော် )

'' သားရယ် အိမ်မှာပဲနေပါ ကကြိုး ကိုအနှောက်အယှက်မပေးပါနဲ့လား ''

'' ရပူး! ရပူး! တားက မေမေရောက် ရိုက်တွားမှာ ''
( ရဘူး! ရဘူး! သားက မေမေနောက် လိုက်သွားမှာ )

King ပေါက်အကြောင်းသိသူပီပီ ခေါင်းညိမ့်ဖို့ကလည်းခက် ။ ခေါင်းခါဖို့ကလည်းခက် ။
လိုက်မသွားရရင်လည်း ကမ္ဘာပျက်မည် ။ ထည့်ပေးလိုက်ပြန်ရင်လည်း ကကြိုးအတွက် ဒုက္ခရောက်မည် ။
King ပေါက်ကြောင့် ဒီတစ်ခါတော့ သူတကယ်တိုင်ပတ်ပြီ ။

သားလေးတစ်ယောက်ရှိပါတယ် ။ ၃နှစ်ကျော်၄နှစ်ပြည့်ခါနီးမို့လို့သာပဲ ၁၀နှစ်သာပြည့်ရင် မာဖီးယား ကိုလိုက်ထိန်းနေရတဲ့ အဖေဖြစ်မှာ ဧကန် ။

ကကြိုး { Complete }Where stories live. Discover now