အပိုင်း ၃၆ ( U&Z )

366 9 0
                                    

[ Unicode ]

'' ကိုကြီး! ''

အရက်နံ့တွေ ။ မွှန်ထူနေတာဘဲ ။ ဘီယာဘူးခွံတွေကလည်း ပြန့်ကျဲနေသည် ။ တရားခံက ဆိုဖာကို မှီပြီး ကြမ်းပြင်မှာထိုင်နေသည် ။ ကကြိုး သူ့အနားလျှောက်သွားလိုက်သည် ။

ပန်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားတဲ့ ဖြူနုနု ကောင်မလေးတစ်ယောက် ။ မွေးရာပါ ငွေရောင်ဆံပင်ကောက်ကောက်ကလေးတွေက လရောင်အောက်မှာ တလက်လက် တောက်ပနေသည် ။ သလင်းကျောက်လို တလက်လက် တောက်ပနေတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကို ကြည့်နေသည် ။ ဆက်မကြည့်ချင်တော့၍ မျက်လုံးမှိတ်ထားလိုက်သည် ။

'' ကိုကြီး ''

သူပြန်မထူးပါ ။ သို့သော် သူမလေးက သူ့အနားလျှောက်လာကာ သူ့ရှေ့မှာ ထိုင်လိုက်သည် ။

'' မင်း မနက်ဖြန်ပြန်မှာမလား ''

သူ့အသံက အက်ရှနေပြီး သူ့မျက်လုံးတွေက ရီဝေနေသည် ။ ဒဏ်ရာတွေအားလုံးဆေးထည့်ထားသည့်ပုံ ။ ဒီလိုဆိုတော့ သူမ စိတ်ပူစရာ မလိုတော့ဘူးပေါ့ ။

'' ကိုကြီးက ပြန်စေချင်လို့လား ''

လောကကြီးကို စိတ်ကုန်နေတဲ့ လူတစ်ယောက်လို သူကပြုမူနေသည် ။

'' မင်းသဘောပဲ ''

'' ကိုကြီးက အခုထိတစ်ယောက်တည်းနေတာလား ''

'' ငယ်ငယ်လေးကတည်းက တစ်ယောက်တည်း ''

ကကြိုး ဘာမှထပ်မပြောဖြစ်ခဲ့ ။ ကကြိုးကို တုံးအတယ်လို့ ထင်နေပါသလား ။ အရာအားလုံးကို မသိဘူးလို့ ထင်နေပါသလား ။ အဲ့ဒါဆိုရင်တော့ မှားသွားမယ် ။ အတိတ်က ဘာတွေဖြစ်ပျက်ခဲ့သလဲ သူမအကုန်သိပါသည် ။ အကုန်စုံစမ်းထားခြင်း ။ အားနည်းချင်ယောင် ဟန်ဆောင်နေတာ ။ ပျော့ညံ့ချင်ယောင် ဟန်ဆောင်နေတာ ။

'' ဒါဆို ကိုကြီး ပျင်းနေမှာပေါ့ ''

'' အင်း ''

'' ဒါဆို ကကြိုး မပြန်တော့ဘူးလေ ။ ဒယ်ဒီ့ကိုပြောပြီး ဒီမှာလာနေမယ် ''

'' မသင့်တော်ဘူး ''

'' ဘာလို့ မသင့်တော်ရမှာလဲ ။ ကကြိုးက ကိုကြီး ညီမလေးပဲလေ ''

ကကြိုး { Complete }Unde poveștirile trăiesc. Descoperă acum