အပိုင်း ၃၉ ( U&Z )

360 9 0
                                    

[ Unicode ]

မချစ်ပဲနဲ့ ဘာလို့နဖူးကို နမ်းတာလဲ ။
( အပိုင်း ၁၂ )

'' ကေသွယ်!  မောင်သွားတော့မယ် ''

'' ခဏလေးမောင်! မောင်ရယ်ကလေးကျနေတာပဲ ။ မောင်ဒီနေ့ ဂျူတီကျတယ်မလား ။ ကေသွယ်က ဒီနေ့နားတယ်နော် ။ စောစောပြန်ခဲ့ ''

တိမ်မင်းယံ, ကကြိုးကို အရင်ကကျောင်းလိုက်ပို့ပေးနေကြဖြစ်လို့ အပေါ်ထပ်ကိုကြည့်လိုက်သည် ။ လှေကားပေါ်ကနေ အောက်မဆင်းသေးဘဲ ဘာလုပ်နေလဲမသိ ။ သူကြည့်နေတာကိုလည်းသိပုံမရ ။ သူ့ရဲ့လက်ရှိအခြေအနေကို တိမ်မင်းယံ သတိထားမိချိန်မှာတော့ ။ သူမလေးများ အထင်လွဲသွားလေမလားဆိုသည့် စိတ်က အစိုးရ နေသည် ။
မျက်နှာလည်း မကောင်းတာကြောင့် အနားသွားချင်သည့် စိတ်က တစ်ပိုင်းသေနေပြီ ။ နှလုံးသား ဆန္ဒကို ဦးနှောက်နဲ့ထိန်းကာ ။
သူမလေးသူ့ကို မုန်းသွားရင် ကောင်းမယ်ဆိုသည့် စိတ်နှင့် မျက်စိမှိတ်ပြီး ရှေ့မှာရှိနေတဲ့ ကေသွယ့် နဖူးလေးကို နမ်းလိုက်သည် ။

'' အင်း! ဒါဆို မောင်သွားပြီနော် ''

သူမလေး သူ့ကိုမုန်းပါစေတာ့ ဆိုသည့်စိတ်ဖြင့် လှည့်မကြည့်ဘဲထွက်လာခဲ့သည် ။

သို့သော် ဆေးရုံရောက်မှ ပြန်ထွက်လာခဲ့သည်။ သူမကတော့ မသိ ။ သူမတက်တဲ့ဆေးကျောင်းထိတောင် လိုက်ရှာသေးသည် ။ မတွေ့ ။ သူ့မှာ ခေါင်းမီးတောက်နေပြီဖြစ်သည် ။ သို့သော် သူမလေးကို မတွေ့ ။

တွေ့ပါပြီ ။ ပန်းရောင်ချိတ်ထမီဝမ်းစက်ကလေးနဲ့ ။ လှချင်တိုင်း လှနေသည့် သူမလေး ။ ဖြစ်နိုင်ရင် ပြေးပြီးပွေ့ဖက်ထားချင်သည် ။ အဝေးကနေလာတဲ့ ကားကိုမြင်ပုံမရ ။ သူ့မှာ စိုးရိမ်စိတ်ကြီးစွာဖြင့် ကားထဲကနေ ပြေးဆင်းပြီး သူမဆီအရောက်သွားခဲ့သလို အချိန်မှီတားဖို့လည်း ကြိုးစားသည် ။

'' ကကြိုး! ''

သူမရဲ့လက်မောင်းလေးကို ညာလက်နဲ့ဆွဲယူလိုက်တော့ သူမကိုယ်လေးက အလိုက်သင့်ပါလာသည် ။ သူ့ရင်ခွင့်ထဲဝင်လာတဲ့ ကိုယ်သေးသေးလေးကို တင်းကျပ်စွာထွေးဖက်ထားမိသည် ။ အဖျက်ကောင် နတ်ဆိုးသူတောင်းစားကိုလည်း စိတ်ထဲကနေ ကျိန်ဆဲမိသည် ။ ဦးနှောက်စေခိုင်းရာအတိုင်း သူမကိုယ်လေးကို လွှတ်ပေးလိုက်သည် ။ သူ့ဘဝမှာ ဘယ်တော့မှ နှလုံးသားက အနိုင်မရ ။ အခုလည်း ခွေးကောင်ဦးနှောက်က သတိပေးခြင်းခံလိုက်ရသည် ။ မင်းရန်သူရဲ့သမီးတဲ့ ။ တိမ်မင်းယံ စိတ်ရှိလက်ရှိ စိတ်ထဲကနေဆဲမိသည် ။ ဒါတောင် ဦးနှောက်ကအနိုင်ရသွားပါတယ် ။
တခြားမဟုတ် သူမလေးသူ့ကြောင့် ဝမ်းနည်းနေမည်ကို မကြည့်ရက်သည့်အတွက် ။

ကကြိုး { Complete }Where stories live. Discover now