အပိုင်း ၃၁ ( U&Z )

311 7 0
                                    

[ Unicode ]

'' နင်က ချမ်းသာတာကိုး ''

အားလုံးတိတ်ဆိတ်သွားသည် ။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သူကတော့ ကကြိုး ။

'' ဟို..... ဒီမှာပဲထိုင်နေတော့မှာလား ''

ထိုအခါမှ ယွန်းက ။

'' အာ! ဟုတ်သားပဲ ကဲကဲကဲ ။ ဒီကလေးတွေကို အစ်မကြီးက တစ်ခုပြောမယ် ။ ''

အားလုံးက သူ့ကိုစိုက်ကြည့်နေကြသည် ။

'' အဆင်သွားငမ်းမယ် ။ အပျင်းအပြေပေါ့ဟ! ဘယ်လိုလဲ ထောက်ခံကြတယ်မလား ''

'' သိပ်ရ! ဖြူတို့က ဒါမျိုးဆို နှစ်ခါခေါ်စရာမလိုဘူး ။ ဟဲ့ လုံးတစ်လှည့်ပြားတစ်လှည့် သွားမယ်မလား ''

'' ဘောကို! လုံးတစ်လှည့်ပြားတစ်လှည့် ငါယီး! သွားမယ် ''

'' ဟားဟားဟား ဟားဟား မလိုက်တာလည်းမဟုတ်ပဲနဲ့ ။ ကကြိုး သွားမယ်မလား ''

'' လိုက်ကိုလိုက်ရမယ် ''

'' ဟုတ်တယ် ကကြိုး နင့်ကိုကြည့်ရတာ အားမလိုအားမရနဲ့ ။ အရင်က အကျင့်ဟောင်းလေးတွေ ထုတ်ပြရအောင် ။ လာစမ်းပါဟာ ပျော်ပျော်ပေါ့ ။ ညစ်နေရင် မောင်လေးတွေက ရှင်းပေးလိမ့်မယ် ။ ok! ''

ယွန်းကတော့ လုပ်ပြီ ။ တစ်ခါလေးသူနဲ့လိုက်သွားပါတယ် ။ အကျင့်ဟောင်းဖြစ်သွားရော ။ ကကြိုးတို့စခင်တုန်းကပေါ့ ။ အပြင်သွားမယ်ဆိုပြီး အတင်းခေါ်လို့ လိုက်လာခဲ့ရတာ ။ မယ်မင်းကြီးမက ရန်ကုန်တစ်မြို့လုံးကို လျှောက်သွားပြီး အဆင်လိုက်ငမ်းသည်တဲ့လေ။ ကုန်ကုန်ပြောရရင် ဟိုကောင်လေးအရမ်းချောတာပဲဆိုပြီး အနောက်ကနေ တစ်ကောက်ကောက်လိုက်သွားတာ ။ အဲ့ကောင်လေးအိမ်အထိပါရောက်သွားရော ။ ဒါတောင်မပြီးသေး ခြံရှေ့မှာ ရစ်သီရစ်သီ လုပ်နေလို့ အဲ့ကောင်လေးအမေကတွေ့သွားရော ကကြိုးတို့ကို ဘယ်သူတွေလဲဆိုပြီးလာမေးတော့ ။ အစ်မတော်က သူငယ်ချင်းတွေတဲ့ ။ အဒေါ်ကြီးကလည်း သဘောကောင်းပါတယ် ။ အိမ်ထဲခေါ်ပြီး မုန့်တောင်ကျွေးလိုက်သေးတယ် ။ အဲ့ကပြန်လာတော့ နှစ်ယောက်သား ပြောပြီးရယ်လိုက်ရတာ ။ အဲ့ကတည်းက ယွန်းခေါ်ရင် ကကြိုးက မျက်ခုံးခပ်လှုပ်လှုပ် ။ ဒီတစ်ခါလည်း ဘာဖြစ်ဦးမယ်မသိ ။

ကကြိုး { Complete }Where stories live. Discover now