အပိုင်း ၇ ( U&Z )

336 13 0
                                    


[ Unicode ]

ကိုကြီးက ဟင်းချက်စရာတွေအမြဲ တစ်ပတ်စာဝယ်ထားတတ်တာကြောင့် ကကြိုး တကူးတက သွားဝယ်စရာမလို ။ အတော်လည်း ညဥ့်နက်နေတာကြောင့် ဆန်ပြုတ်အမြန်ပြုတ်လိုက်သည် ။

ဖုန်းထဲကအတိုင်းချက်ထားတာမို့လို့ ဘယ်လိုအရသာရှိလဲတော့ ကကြိုး မသိ ။ ဆန်ပြုတ်ကို ပန်းကန်ထဲထည့်ပြီး ကိုကြီး အခန်းထဲ လျှောက်လာလိုက်သည် ။ တံခါးက ပွင့်နေတာကြောင့် ကကြိုးလည်း ဝင်သွားလိုက်သည် ။

ကိုကြီးက အခန်းထဲမှာဖုန်းသုံးနေသည် ။ ကကြိုးကို မြင်တာနဲ့ ဖုန်းကိုဘေးချလိုက်ပြီး ကကြိုးကို ကြည့်လာသည် ။

'' ကိုကြီး အတွက် ဆန်ပြုတ် ဆရာဝန် မှာလိုက်တယ်လေ အမာစာတွေမစားရဘူးတဲ့ ''

ကိုကြီးက ကကြိုးကို
မယုံသလိုနဲ့ကြည့်လာသည် ။

'' ဒါတွေမင်းလုပ်ထားတာလား ''

ကကြိုး ခေါင်းညိမ့်ပြလိုက်သည် ။ ကိုကြီးက
က​ကြိုးလက်ကိုဆွဲယူလိုက်သည် ။

'' နောက်မလုပ်နဲ့ ''

ကကြိုး အိုးအပူကြီးကို ဒီတိုင်းသွားကိုက်လိုက်မိလို့ လက်ကနည်းနည်းရဲနေသည် ။

'' ဘာမှမဖြစ်ပါဘူး ''

ကိုကြီးက ကကြိုး လက်ကို ဆေးလူးပေးဖို့ ဆေးယူနေတာမို့လို့ ကကြိုး လက်ကိုပြန်ယူလိုက်သည် ။

'' ဟင့်အင်း! ပြီးကြရင်ကောင်းသွားမှာ ကကြိုး ဘာမှမဖြစ်ဘူး ပြီးရင်လည်း ပန်းကန်ဆေးရဦးမှာ ဆေးတွေပျက်သွားလိမ့်မယ် ''

တကယ်လည်း ပန်းကန်ဆေးရမှာမို့လို့
က​ကြိုး ပြောလိုက်ခြင်း ။

'' ကိုကြီး စားတော့လေ ပြီးရင်ဆေးသောက်ဖို့ ကကြိုး ရေသွားခပ်ပေးမယ် ''

အာ! ကကြိုးမေ့နေတာ ကိုကြီးက ဘယ်လိုလုပ်ဆန်ပြုတ်သောက်လို့ရမှာလဲ ။

'' ဟို ကကြိုး ခွံ့ကျွေးရမှာလား ''

ကိုကြီးက ခေါင်းညိမ့်ပြတာကြောင့် ကကြိုး ဆန်ပြုတ်ပန်းကန်ကို ယူလိုက်သည် ။ ကိုကြီး ခေါင်းက ရှေ့တိုးလာတာကြောင့် ခုန်လာတဲ့ နှလုံးသားကိုလည်း ထုရိုက်ပစ်ချင်သည် ။ ဆန်ပြုတ်ခွံ့တာလေးကို ပူနေတဲ့မျက်နှာကိုလည်း ဖြစ်နိုင်ရင် ခဏလောက် ​ဖြုတ်ထားချင်သည် ။

ကကြိုး { Complete }Where stories live. Discover now