အပိုင်း ၄၀ ( U&Z )

430 7 0
                                    

[ Unicode ]

ကကြိုး စောင့်နေရင်း ဆိုဖာပေါ်မှာအိပ်ပျော်သွားသည် ။ ဆူဆူညံညံအသံတွေကြောင့် နိုးလာလို့ တံခါးဝကိုအပြေးသွားလိုက်သည် ။
ကိုကြီး မူးလာပုံရသည် ။ ဖိနပ်တောင် ကောင်းကောင်းမချွတ်နိုင် ။

'' ကိုကြီး! ''

ကကြိုး သူ့ဖိနပ်ကိုချွတ်ပေးလိုက်သည် ။
ပြီးတာနဲ့သူ့ကိုတွဲခေါ်လိုက်သည် ။
ဒီတစ်လျှောက်လုံးသူက ကကြိုးကို ထူးဆန်းသလိုကြည့်နေသည် ။
ကကြိုးရဲ့နားကိုလာနမ်းတာကြောင့် ကြက်သီးထသွားသည် ။

'' ကိုကြီး မူးနေတာမလား ငြိမ်ငြိမ်လေးနေပါ ''

ထပ်မံပြီး ဖြူဖွေးတဲ့လည်ပင်းကိုနမ်းရှိုက်လာတာကြောင့် လူကအငွေ့ပါပြန်ချင်သွားသည် ။
ဖြစ်နိုင်ရင်ထွက်တောင်ပြေးချင်သည် ။
လက်တစ်ဖက်ကအခန်းတံခါးဖွင့်နေရင်း ရုတ်တရက်ဆွဲလှည့်ခံလိုက်ရတာကြောင့် တံခါးပြားတဲ့နောက်စိ ဒုန်းကနဲပဲ ။ ဖျားနေတာနဲ့ရောပြီး ရှေ့မှာရှိနေတဲ့လူကိုတောင် ခြောက်ကိုယ်ခွဲ ပြီးမြင်နေရသည် ။
သူက ကကြိုးခေါင်းမူးနေတာကိုအလေးမထား လည်ပင်းကနေညှပ်ရိုးတွေအထိရောက်အောင် နမ်းရှိုက်လာပြန်သည် ။
ညအိပ်ဝတ်စုံဘောက်ဘီရှည်နဲ့အင်္ကျီလက်ရှည်ကိုဝတ်ထားသည် ။ အင်္ကျီ ကြယ်သီးတွေကိုတစ်လုံးချင်းဖြုတ်နေတာကြောင့် လူကပြာသွားရသည် ။ ဒါကဘယ်လိုအခြေအနေလဲသိတာကြောင့် ချက်ချင်းတွန်းထုတ်လိုက်သည် ။
သို့သော် သူ့ခန္ဓာကိုယ်ကနည်းနည်းလေးတောင်ရွေ့မသွား ။ ကကြိုး ငိုချင်လာသည် ။
ဘယ်လောက်ပဲချစ်နေပါစေ သူက ကကြိုးကိုချစ်နေတာမှမဟုတ်တာ ။ နောက်ပြီး တစ်ခြားသူတစ်ယောက်ရဲ့ချစ်သူ ။

အွန့်!

စကားပြောမလို့ပါးစပ်ဖွင့်လိုက်ပေမယ့် နှုတ်ခမ်းတစ်စုံရဲ့တားဆီးခြင်းကိုခံလိုက်ရသည် ။ ကကြိုး သူ့ကိုရိုက်သည် ။ ကကြိုးရဲ့လက်သည်းတွေနဲ့ကုတ်သည် ။ သူ့လက်သာသွေးထွက်လာသည် ။ သူကတော့ နည်းနည်းလေးမှရွေ့မသွား ။
အနမ်းတွေက ရင်ညွှန့်အထိရောက်သွားသည် ။
ဘယ်ချိန်ဘယ်လို ကုတင်ပေါ်ရောက်နေသည်လဲမသိရ ။

ကကြိုး { Complete }Where stories live. Discover now