အပိုင်း ၆ ( U&Z )

340 12 0
                                    

[ Unicode ]

ဒီနေ့ နေ့လည် လင်းလက်တို့နဲ့ ချိန်းထားတာမို့လို့ ကကြိုး ရေချိုးပြီး အဝတ်အစားလဲလိုက်သည် ။ ဆံပင်ကို Ponytail မြင့်မြင့်လေးစီးလိုက်သည် ။

တံခါး ဘဲလ်သံကြားလို့ ဆင်းကြည့်တော့ လင်းလက်တို့ဖြစ်နေသည် ။ ကကြိုးလည်း တံခါးဖွင့်ပေးလိုက်တယ် ။
ကိုကြီးက အပြင်သွားတယ်လေ ။

'' ဟာ ကကြိုး ဒီအတိုင်းလိုက်မလို့လား ''

ယွန်း စကားကြောင့် ကကြိုးလည်း
ကိုယ့်ကိုကိုယ် ပြန်ကြည့်မိသည် ။

'' အမလေး... လာကျွန်မပြင်ပေးမယ် ။ ရှင့်အတွက် အင်္ကျီ ပါတစ်ခါတည်းဝယ်လာခဲ့တယ် ''

ယွန်းစကားကို ကကြိုးနားမလည် ။
ယွန်းက ကကြိုးကို အပေါ်ထပ်ခေါ်လာသည် ။

'' ဒါ ကကြိုး အခန်းလား ''

ကကြိုး ခေါင်းညိမ့်ပြလိုက်သည် ။ ပြီးတာနဲ့ ယွန်းက ကကြိုးကို အခန်းထဲခေါ်သွားပြီး ။ ထိုင်ခုံမှာထိုင်ခိုင်းသည် ။ ပြီးတော့ ကကြိုးကို အရုပ်တစ်ရုပ်လို စတင်ခြယ်သတော့တာပါပဲ ။

'' အင်း! ကကြိုးကလှတယ် ။ ဘာမှမပြင်ထားတာတောင်လှတာ အခုလိုပြင်လိုက်တော့ ပိုပြီးလှသွားတယ် ။ အာ! ကကြိုးကို မနာလိုတောင်ဖြစ်သွားတယ် ။
ဒါဝတ်လိုက် ''

ဆိုပြီး ကကြိုးကို ပေးလာတဲ့ အထုတ် ။ ဖွင့်ကြည့်လိုက်တော့ အင်္ကျီ ၊
အနက်ရောင်ပိုက်ဆံအိတ် ၊ ဖိနပ် ။

'' ယွန်း အပြင်ခဏထွက်ပေး ''

'' အွန်း! အောက်မှာစောင့်နေမယ် ဆင်းလာခဲ့ ''

ကကြိုး ခေါင်းညိမ့်ပြလိုက်သည် ။ ယွန်းထွက်သွားတာနဲ့ ယွန်းပေးတဲ့ ဝတ်စုံကိုလဲလိုက်သည် ။
ခဲရောင်ဂါဝန်လေး ။ အရှည်က ပေါင်လယ်လောက်ပဲရှိသည် ။ အထဲကို မှာချည်သားနဲ့ချုပ်ထားပြီး အပြင်ပိုင်းကို ဇာတပ်ထားသည် ။ ခါးအောက်ပိုင်းကို ဇာနှစ်ထပ်နဲ့ချုပ်ထားသည် ။ အင်္ကျီမှာ ဖော့ပါတာကြောင့် ဘော်လီဝတ်စရာမလို ။
ခါးစည်းပါတာကြောင့်
ကကြိုးရဲ့သေးသွယ်တဲ့ခါးလေးကိုပုံဖော်ပေးနေသလို ။ ဂါဝန်တွေဝတ်နေကြဆိုပေမယ့်
အတိုတွေမဝတ်တတ်တော့ ကကြိုး
အပြင်ထွက်ရမှာအခက်တွေ့နေသည် ။
မဝတ်ချင်ဘူးဆိုရင်လည်း
မွေးနေ့ရှင်လေးကစိတ်ဆိုးဦးမယ် ။
ဖိနပ်ကလည်း ခဲရောင်ကိုမှ ဒေါက်က ၃ လက်မလောက်မြင့်သည် ။ ကကြိုးက
တစ်ခါမှ အမြင့်မစီးဖူးတာကြောင့်
စီးရတာ သိပ်အဆင်မပြေ ။ ကကြိုး ကြောင့်နောက်ကျနေမှာစိုးတာကြောင့်
ဒီတိုင်းပဲထွက်လာလိုက်သည် ။

ကကြိုး { Complete }Where stories live. Discover now