အပိုင်း ၁၁ ( U&Z )

323 11 0
                                    

  [ Unicode ]    

                   ( 1994 ) ခုနှစ်

'' လူစုံပြီလား ''

'' တစ်ယောက်ကျန်ပါသေးတယ် ''

မြင့်​မောင် သက်ပြင်းချလိုက်သည် ။
သူ့ဘဝမှာ အချိန်မတိကျတာကို အမုန်းဆုံးပဲ ။
အချိန်နဲ့ဒီရေက လူကိုမစောင့်ဘူးဆိုတဲ့ အတိုင်း အချိန်တိကျမှကြိုက်သည် ။

လူတိုင်းက အားယားနေလို့ ထိုင်နေတာမဟုတ်။ အားလုံးက လုပ်ငန်းရှင်၊ ရှယ်ရာရှင်တွေကြီးပဲ။
အရေးကြီးတဲ့ project တစ်ခုကြောင့်သာ အားချင်း အစည်းအဝေးခေါ်လိုက်ရတာ ။

ကြားလိုက်ရတဲ့ ဒေါက်ဖိနပ်သံ ။

'' ဟို ကျွန်မတောင်းပန်ပါတယ် ။ မီးပွိုင့် မိနေလို့ပါ ''

သူ့ဘဝမှာ အမုန်းဆုံးက ဆင်ခြေ ။
မြင့်မောင် မော့ကြည့်လိုက်သည် ။

ရင်ဖုံးလက်ရှည်နဲ့ ချိတ်လုံချည်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ။ ခါးအောက်ပိုင်းထိ ရှည်လျားတဲ့ သူမရဲ့ ပတုံးရောင်ဆံကေသာတွေရဲ့ တစ်ဝက်ကို ဖဲပြားလေးနဲ့ စုချည်ထားပြီး တစ်ဝက်ကို ချထားသည် ။
ဖြူနုနုလက်ကလေးထက်ဝယ် ပတ္တမြား ၊ နီလာနဲ့ ပေါင်းလုပ်ထားတဲ့ လက်စွပ်ကို ဝတ်ဆင်ထားသည် ။

ပြုံးလိုက်တိုင်းပေါ်လာတဲ့ သွားတက်ကလေးက ပုရိသတိုင်းကို ရစ်မူးစေသည် ။

သူ့ဘဝတွင် ဤမျှလောက် လှပသည့် အမျိုးသမီးကို မမြင်ဖူးဘူး ။

'' ကျွန်မက ဦးသက်ခ ရဲ့သမီး လေပြည်သွေးပါ ဖေဖေ မအားလို့ ဖေဖေ့ကိုယ်စား အစည်းအဝေး တက်ပေးတာပါ ''

ရှယ်ရာရှင် အားလုံး ခေါင်းညိမ့်လိုက်ကြသည်။ ဦးသက်ခက ကုမ္ပဏီမှာ ဒုတိယရှယ်ရာ အများဆုံးလူဖြစ်နေသည်မလား ။

လူစုံပြီ ဖြစ်တာကြောင့် မြင့်မောင်လည်း အစည်းအဝေးစလိုက်သည် ။
ရှယ်ရာရှင် အများစုရဲ့ ဆုံးဖြတ်ချက်အရ
ဤ project ကို သူနှင့် လေပြည်သွေး ကကိုင်တွယ်ရမည် ။

အောင်မြင်လျှင် အကျိုးအမြတ်က ထင်ထားတာထက်ကို အများအပြားရမည် ။ ရှုံးနိမ့်ပါက ကုမ္ပဏီပါ ဒေဝါလီခံလိုက်ရမည်ဖြစ်သလို သူလည်း ခွေးဘဝ ရောက်သွားလိမ့်မည် မဟုတ်ပါလား ။ ထို့အတွက်ကြောင့် သေချာ အကွက်ချစီစဥ်ရမည် ။ ပေါက်ကြားသွားလို့မဖြစ် ။

ကကြိုး { Complete }Tempat cerita menjadi hidup. Temukan sekarang